သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေ ထွက်လာတဲ့ စစ်သားအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ မြစ်တော်ရွာအထွက်မှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့က ပြောပါတယ်။
ဇွန်လ ၂၅ ရက် မနက် ၆ နာရီမှာ လက်လုပ် ၆၀ မမနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးသလို ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို မြစ်တော်ရွာအထွက်မှာ ကျနော်တို့ ခါးဖြတ်တိုက်ခိုက်ခဲ့တာ။ ကျနော်တို့ဘက်က ၆၀ မမနဲ့ပစ်တာ သူတို့ဘက်က ၂ ဦးသေတယ်။ ၆ ဦး အပြင်းအထန်ဒဏ်ရာရလို့ ထမ်းသွားကြတယ်။" လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး ခင်ဦးမြို့နယ်ကနေ ရေဦးမြို့ကို ပြန်သွားကြတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA စေတန် အဖွဲ့က ဦဆောင်ပြီး၊ MRDA စေတန်၊ Royal Tiger နှင့် Guerrilla Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ခင်ဦး #ရေဦး #စစ်ကောင်စီစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက်ခံရ #စစ်ကောင်စီ #PDF
Share Share Share