စစ်ကောင်စီ စစ်ဆေးရေးကင်းစခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်သာရပ်ကွက် သုံးထပ်တိုက်နဲ့ အနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်‌ဆေးရေးကင်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေး တပ်မတော် Chindwin Attack Force တပ်ရင်း ၄ ဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်ကစတင်ကာ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၃၀ ကျော်တပ်စွဲထားရာ သုံးထပ်တိုက်နဲ့အောက်ခြေပတ်လည်မှာရှိနေတဲ့ ဘန်ကာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား တိုက်ပွဲအတွင်းမှာပဲ စကစ တပ်သား ၁၆ ဦးသေဆုံးခဲ့သလို ဆေးရုံအရောက်မှာလည်း ထပ်မံသေဆုံးခဲ့တယ်လို့ Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ပေတလူက ပြောပါတယ်။

အဲဒီစစ်ဆေးရေးကင်းစခန်းကိုသိမ်းနိုင်ဖို့အတွက်ပါ ရည်ရွယ်ပြင်ဆင်ကာ စစ်ကြောင်း၄ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီအကူတပ်ဖွဲ့တွေရောက်ရှိလာတဲ့အတွက် ကျဆုံးသူများရဲ့ လက်နက်တွေကို ကောက်ယူချိန်မရခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ နဲ့အတူ မဟာမိတ် တော်လှန်ရေးအင်အားတပ်ဖွဲ့တွေအများအပြား ပူးပေါင်းတိုက်စစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာထိပ်ကဆန်တက်လာတဲ့ ဖလပ်မော်တော် ၂ စီးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄  ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတ်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #မုံရွာ #ပျူစောထီး #စစ်ကောင်စီ #ဘန်ကာ #တိုက်ခိုက်မှု #ပကဖ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10