စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန်

စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နဲ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အကြားမှာ စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၇ ရက် ဒီနေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပဲနွယ်ကုန်းမြို့ဘက်ကနေ နတ်သံကွင်းမြို့ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတင့်ကားနဲ့ သံချပ်ကာ ကားတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အတွင်း တင့်ဖျက်မိုင်းတွေနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တင့်ဖျက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာက ဟုတ်ပါတယ်။ စကစ စစ်ကူလမ်းကြောင်း ယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာပါ။ အဲ့ရက်တွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ခဲ့တယ်"လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

တင့်ဖျက်မိုင်းတွေထိလို့ စစ်ကောင်စီဘက်က တင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးပျက်စီးခဲ့တာကြောင့် ကရိန်းယာဥ်တွေ အသုံးပြုကာ ပဲနွယ်ကုန်းမြို့ဘက်ကို ပြန်ဆွဲသွားရတယ်လို့ ဆိုပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိနိုင်ပြီး စာရင်းအတိအကျရဖို့ စုံစမ်းနေဆဲလို့ ရဲဘော်တင်ဦးက ပြောပါတယ်။  

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီကျော်ကလည်း ပဲနွယ်ကုန်းမြို့နဲ့ နတ်သံကွင်းမြို့အကြား အုန်းနှဲပင် ဂိတ်စခန်းတခုကို ရိုးမ ၂ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး  လက်နက်(၈လက်)၊ ခဲယမ်း၊ မိုင်းတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #ကျောက်တံခါး #စစ်ကောင်စီ #သံချပ်ကာ #တင့်ကား #ဖျက်ဆီး #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10