စစ်ကောင်စီတပ်က ခင်ဦးဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား

စစ်ကောင်စီတပ်က ခင်ဦးဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီကျော်မှာ ဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူမှာ ကန်သာယာကျေးရွာက အသက် ၃၀ အရွယ် မညိုနဲ့ ကိုဖိုးခိုင်တို့ဖြစ်ပြီး အဖမ်းခံရသူမှာ မညိုရဲ့ အမျိုးသား ကိုမောင်နီ ဖြစ်ပါတယ်။

"စကစကရွာထဲဝင်ပြီး အိမ်တလုံးကို မီးရှို့တယ်။ အဲ့အိမ်က လင်မယား ၂ ယောက်ကို ဖမ်းပြီးတော့ မယားကို လယ်ပြင်မှာ ပစ်သတ်ထားခဲ့တယ်။ လင်ကိုတော့ ဖမ်းခေါ်သွားတယ်" လို့ ကန်သာယာကျေးရွာက အမျိုးသားတဦးက ပြောပါတယ်။

အသတ်ခံရသူ ကိုဖိုးခိုင်ကတော့ ကျေးရွာကနေ ထွက်ပြေးချိန် စစ်ကောင်စီတပ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာကြောင့် သေနတ်ကျည်မှန်ကာ သေဆုံးခဲ့သလို နောက်ထပ် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးမှာလည်း သေနတ်ကျည်မှန် ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ကန်သာယာကျေးရွာကို ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၉ ရက်မှာ ရေဦးမြို့ကနေ အင်အား ၁၀၀ ကျော်နဲ့ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၁၁ ရက် ဒီနေ့မှာတော့ အဖမ်းခံရသူ ကိုမောင်နီရဲ့အခြေအနေကို မသိရှိရပေမယ့် သူ့ကိုဖမ်းသွားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ကျီးကန်ကျေးရွာအနီးကိုရောက်ရှိနေပြီး အဲ့ဒီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေကြတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ကြောင်းထိုး #စစ်ကောင်စီ #ကန်သာယာကျေးရွာ #ဒေသခံ #ဖမ်းဆီး #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10