စစ်ကောင်စီတပ်က ချောက်ဒေသခံ ၂ ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်းခေါ်သွား

စစ်ကောင်စီတပ်က ချောက်ဒေသခံ ၂ ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်းခေါ်သွား

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ ရက် မနက် ၈ နာရီကျော်မှာ ဒေသခံ ၂ ဦး ကိုသတ်ဖြတ်ပြီး နောက်ထပ်ဒေသခံ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

အသတ်ခံရသူ အမျိုးသား ၂ ဦးနဲ့ ဖမ်းဆီးခံရသူ အမျိုးသား ၁ ဦးတို့မှာ ထိန်စမ်းကျေးရွာကဖြစ်ပြီး အသက် ၃၀ ခန့်ရှိကြတယ်လို့ ဆိုပါတယ်။ 

"ခေါင်းကို နောက်ကနေ တေ့ပစ်သွားတာဗျ။ မျက်နှာတွေကို စုတ်ပြတ်သတ်နေတာပဲ။ ဦးနှောက်တွေလည်း မရှိတော့ဘူးဗျ" လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ UC ကပြောပါတယ်။

အသတ်ခံရသူ ၂ ဦးမှာ တိုက်ပွဲအတွင်း ကျေးရွာထဲကကျေးလက်ကျန်းမာရေးဌာနအနီးမှာ စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာလို့ သူက ဆိုပါတယ်။ 

ယမန်နေ့ မနက် ၆ နာရီကျော်မှာ ကုန်းကြီးကျေးရွာအထိုင်စခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေနဲ့ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ ထိန်စမ်းကျေးရွာအနီးမှာ ၄ နာရီ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

"ထိန်းစိမ်းကျေးရွားအနီးမှာ မနက် ၆ နာရီ ၄၅ ကနေစဖြစ်တာဗျ။ သူတို့ ပြန်ဆုတ်သွားတာ မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်သွားတာ။” လို့ ပကဖတာဝန်ခံကပြောပါတယ်။ 

အဖမ်းခံရသူ အမျိုးသားကိုတော့ ထိန်စမ်းကျေးရွာနဲ့ ၅ မိုင်ခန့်ဝေးတဲ့ ကုန်းကြီးကျေး ရွာစစ်တပ်စခန်းကို ခေါ်ဆောင်သွားကာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်အချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ ကို UC က ပြောပါ တယ်။ 

ပုံစာ - စစ်ကောင်စီ စစ်ကြောင်းအား တွေ့ရစဉ်။ (ပုံဟောင်း) 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက်မြို့ #စစ်ကောင်စီ #အရပ်သား #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10