စစ်ကောင်စီတပ်က နတ်သံကွင်းမြို့ စာသင်ကျောင်းတချို့မှာတပ်စွဲဖို့ ဆရာနဲ့ကျောင်းသားတွေကို ရွှေ့ပြောင်းခိုင်း

စစ်ကောင်စီတပ်က နတ်သံကွင်းမြို့ စာသင်ကျောင်းတချို့မှာတပ်စွဲဖို့ ဆရာနဲ့ကျောင်းသားတွေကို ရွှေ့ပြောင်းခိုင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စာသင်ကျောင်းတချို့မှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်သံကွင်းမြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ အလယ်တန်းကျောင်းခွဲမှာ လာရောက်တပ်စွဲမှာဖြစ်ပြီး အဲ့ဒီကျောင်းမှာတက်ရောက်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကိုလည်း ပြောင်းရွှေ့ခိုင်းနေတယ်လို့လည်း ဆိုပါတယ်။

“အခုက အမှတ် ၃ အ.လ.က ကျောင်းကို  နေရာယူပြီး တပ်စွဲမယ်။ အဲ့ဒီကျောင်းက ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေကို တခြားကျောင်းမှာ စုပြီး တက်ခိုင်းမှာ။ ပြီးရင် သူတို့နေရာယူမယ့်ကျောင်းမှာ လက်နက်ခဲယမ်းတွေထားမယ်၊ အဲ့လိုပါ”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်သံကွင်းမှာ အထက်တန်းကျောင်း ၁ ကျောင်းနဲ့ အလယ်တန်းကျောင်းခွဲ ၂ ကျောင်း ရှိပြီး စစ်ကောင်စီပြောင်းရွေ့ခိုင်းနေတဲ့ အလယ်တန်းကျောင်းက ကျောင်းသားနဲ့  ဆရာတွေကို တံခွန်တိုင်ရပ်ကွက်မှာရှိတဲ့ အထက်တန်းကျောင်းမှာပေါင်းပြီး ကျောင်းတက်ရောက်ခိုင်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိကျောင်းပိတ်ရက်မှာ စစ်ကောင်စီတပ်သားတွေက အဲ့ဒီစာသင်ကျောင်းမှာ စတင်တပ်စွဲနေပြီဖြစ်ပြီး ကျောင်းပြန်ဖွင့်ရက်  သြဂုတ်လ ၂ရက်နေ့က စတင်ကာ အဆိုပါကျောင်းမှ ကျောင်းသားနဲ့ဆရာတွေဟာ အထက်တန်းကျောင်းနဲ့ပေါင်းပြီး စာသင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက်က နတ်သံကွင်းမြို့အနီးတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ နတ်သံကွင်းမြို့အဝင်တံတားကျိုးကျခဲ့ပြီးနောက်ပိုင်း တိုက်ပွဲအနည်းငယ် ငြိမ်သွားတဲ့အတွက် ပြည်သူတချို့တဝက် မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း နတ်သံကွင်းမြို့တွင်းပြန်လည်တပ်စွဲအခြေပြုဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ နတ်သံကွင်းတံတားကိုလည်း ပြန်လည်ပြုပြင်နိုင်ဖို့  ကြိုးစားနေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်လာရောက်တပ်စွဲမည့် အမှတ် ၃ ရပ်ကွက်အလယ်တန်းကျောင်းအား Google Map မှတွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #ပဲခူး #ကျောက်ကြီး #နတ်သံကွင်း #စာသင်ကျောင်း #တပ်စွဲ #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10