သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြင်းမူမြို့နယ်၊ ကံဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း က အရပ်သား ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားပြီး ဓါးစာခံ ၁၁ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ People's Army to Fight Dictatorship(PAFD) အဖွဲ့ထံကသိရသည်။
ဇွန်လ ၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး PAFD တပ်တွေဖွဲ့တွေ ဒရုန်းနဲ့ လိုက်လံကြည့်ရှုစဉ် ဓါးစာခံ ၁ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဓါးနဲ့လှီးဖြတ်ခံရခြင်း၊ မျက်နှာတခုလုံးကို ရိုက်နှက်ထားခြင်းတို့ကို ခံခဲ့ရကြောင်း သိရသည်။
"ဓါးစာခံတွေဖမ်းခေါ်သွားတယ်၊ သူတို့ထွက်သွားပြီးလားဆိုပြီး ကျနော်တို့ကံပြားအထိအောင် ဒရုန်းနဲ့လိုက်ကြည့်တယ်၊ သူတို့ဖမ်းသွားတဲ့ ဓါးစာခံတယောက်ပြန်တွေ့တယ်၊ ပြန်ခေါ်လာတယ်၊ သူ့နားလည်းဓါးနဲ့ဖြတ်ထားတယ်၊မျက်နှာကြီးကပျားတုပ်ထားသလိုပဲ တအားရိုက်နှက်ထားတာ၊ သူကတော့အသက်ရှင်လျက်ပြန်လွတ်လာတယ်၊ ၁၁ ယောက်ကတော့ ဓါးစာခံအဖြစ်ခေါ်သွားတယ်၊ ရွာသူရွာသား ၇ ယောက်ကိုရှေ့ကပြေးခိုင်းပြီး သေနတ်နဲ့သတ်ကြတယ်၊" ဟု PAFD တာဝန်ခံက မြေလတ်အသံကိုပြောသည်။
ပစ်သတ်ခံရသူများမှာ အမျိုးတွေဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေလည်း အသက်ရှင်မရှင် သေချာမသိရသေးကြောင်း ဆိုသည်။
ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစစ်ကြောင်း က ကျေးရွာနေအိမ်တွေနဲ့ ဆိုင်ကယ် အစီး ၁၀၀ လောက်ကိုလည်း မီးရှို့သွားကြကြောင်း PAFD အဖွဲ့ထံကသိရသည်။
#မြေလတ်အသံ
Share Share Share