စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခု တပြိုင်တည်းတိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခု တပြိုင်တည်းတိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခု တပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးရှိတယ်လို့ Fire Dragon PDF အဖွဲ့ဆီက သိရပါတယ်။ 

ဇွန် ၁၉ ရက် မနက် ၃ နာရီခန့်မှာ ပုဇွန်မြောင်းရွာထိပ်ရှိ တာပြတ်စစ်ဆေးရေးဂိတ်၊ ရွာအရှေ့ဘက်ရှိ ကျောင်းကြီးဘုန်းကြီးကျောင်းနဲ့ ရေကြည်ချောင်းကျေးရွာဘုန်ကြီးကျောင်းတို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"တာပြတ်ဂိတ်ကိုက အပြီးသိမ်းနိုင်ဖို့ အစီအစဥ်ဆွဲသွားတာ။ ဟိုရောက်တော့ RPG ရော၊ ၄၀ (ဗုံး)သီးတွေရော error တက်တာ၊ ကျည်မလုံလောက်တာကြောင့် မသိမ်းလိုက်နိုင်ဘူး။ ၃ နေရာစလုံးမှာတော့ တိုက်ပွဲက အချိန်တော်တော်ကြာဖြစ်ခဲ့တယ်"လို့ Fire Dragon PDF အဖွဲ့တာဝန်ခံကပြောပါတယ်။

အဆိုပါတိုက်ပွဲကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နာရီကျော်ကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး တာပြတ်စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရပြီး၊ PDF တွေဘက်က ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပုဇွန်းမြောင်းရွာ၊ ကျောင်းကြီးဘုန်းကြီးကျောင်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး ရေကြည်ချောင်း ဘုန်းကြီးကျောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးရှိ တာပြတ်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #PDF #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10