စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လက်ပံရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

လက်ပံရွာလယ်က အဆောက်အဦတခုမှာ အင်အား ၁၅ ဦးခန့်နဲ့ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအဖွဲ့ကို စက်တင်ဘာ ၉ ရက် မနက် ၅ နာရီနဲ့ စက်တင်ဘာ ၈ ရက် ည ၁၀ နာရီခန့်မှာ  ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"ညပိုင်းမှာက ဒရုန်းနဲ့အရင် တိုက်ခိုက်တယ်။ မနက်ပိုင်းမှာ သွားပစ်တာပါ။ ညပိုင်း ဒရုန်းမစ်ရှင်မှာ စကစဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်။ မနက်ပိုင်း အခြေအနေတော့ မသိရသေးဘူး" လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၅၀ ခန့် လက်ပံရွာဘက်ကို ရောက်လာသလို ကျေးရွာအဝင်အထွက်လမ်းတွေကို ပိတ်ထားပြီး ဒေသခံတွေကို သွားလာခွင့် မပေးတော့ဘူးလို့ သိရပါတယ်။

ဧပြီ ၂၇ ရက် ည ၇ နာရီလောက်ကလည်း ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းကို ဝေါပကဖ တပ်ရင်း ၃၇၀၁ ပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#ပဲခူးတိုင်း #ဝေါမြို့ #မြစ်ကျိုးကျေးရွာ #လက်ပံရွာ #စစ်ကောင်စီ #ညောင်ခါးရှည် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10