စစ်ကောင်စီတပ်စွဲထားတဲ့ မုံရွာ ကညန ရုံးကို ဗုံးကြဲ

စစ်ကောင်စီတပ်စွဲထားတဲ့ မုံရွာ ကညန ရုံးကို ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကညနရုံးထဲမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန်လ ၂၅ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ Urban Hunter Force – UHF အဖွဲ့က ပြောပါတယ်။

ကညနရုံးထဲမှာ တပ်စွဲနေတဲ့ စစ်သားအင်အား ၅၀ လောက်ကို PDF ပူးပေါင်း ၇ ဖွဲ့က ဒရုန်းအသုံးပြုပြီး ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဗုံးသီး ၃ လုံးက စခန်းကိုကျသွားတယ်။ ဒါပေမဲ့ သေဆုံး၊ဒဏ်ရာရတာတွေ မသိရသေးဘူး။ အဆောင်တွေ ပျက်စီးတာတွေလည်း ရှိခဲ့တယ်"လို့ UHFမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလိုတိုက်ခိုက်ခံရပြီးနောက် ရုံးကို စစ်ကောင်စီတပ်သားတွေက စစ်ကား ၂ စီးနဲ့ အင်အားထပ်ဖြည့်ထားပြီး လမ်းသွား လမ်းလာ ပြည်သူတွေကိုလည်း ဇွန်လ ၂၆ ရက်ဒီကနေ့အထိ စစ်ဆေးတင်ကြပ်မှုတွေ လုပ်ဆောင်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Democratic Guerrilla Forc၊ ဗန္ဓုလနဲ့ အဖွဲ့သားများ LDF၊ Urban Hunter Force - UHF၊ THE ANTS  LPDF၊ Monywa Brave Hearts၊ Sun King Envoy၊ ဂဠုန်ရာဇာ Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကညန ရုံးက ညောင်ပင်စောက်ရပ်ကွက်၊ မုံရွာ-မန္တလေးကားလမ်းမှာ တည်ရှိပြီး အဲ့ဒီရုံးဟာ စစ်ကောင်စီရဲ့အခွန်ဝင်ငွေလမ်းကြောင်း ဖြစ်တဲ့အပြင် မြို့တွင်းမြို့ပြင် စစ်ဆေးရေးစခန်းတွေနဲ့ ဆက်သွယ်ရေးကွန်ယက် ချိတ်ဆက်ပေးနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချစခန်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကညန #ဗုံးကြဲ #ထိခိုက်မှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10