စစ်ကောင်စီတပ်စွဲထားပြီး ပျူအားကောင်းတဲ့ ကနီရွာ တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၄၅ ဦး ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ ကနီရွာကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

သြဂုတ် ၄ ရက် မနက် ၉ နာရီဝန်းကျင်ကစတင်ပြီး ၁၁ နာရီထိ နှစ်နာရီကြာ ဖြစ်ပွားခဲ့​တဲ့  အဲ့ဒီတိုက်ခိုက်မှုမှာ ပျူ ၄၅​ ယောက်အပြင်းအထန်ဒဏ်ရာရရှိပြီး ​သေဆုံးမှုတွေရှိနိုင်တယ်လို့ ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက ​မြေလတ်အသံကို ​ပြောပါတယ်။

"မြိုင်မြို့နယ်ထဲက ကနီပျူရွာကို တိိုက်ခိုက်ခဲ့တာပါခင်ဗျ။ အိမ်ခြေ ၅၀၀ ရှိပြီး ပျူနဲ့စစ်ကောင်စီတပ်တို့ ရောနှောနေထိုင်တဲ့ရွာဖြစ်လို့ အင်အားတော့ အတော်ကြီးတယ်လို့" Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက မြေလတ်အသံကို ပြောပါတယ်။

မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေအပြင် အတွဲလိုက်ပစ်ခတ်တဲ့ လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၄ စီးနဲ့လည်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်​ရေးတပ်​ပေါင်းစုဘက်က​ ​မောင်းသူမဲ့​လေယာဥ်တစီး ပျက်စီးဆုံးရှုံးမှုသာရှိခဲ့ပြီး ရဲ​​ဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းတွင်းတိုးနယား YMB၊ ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်း၊ တပ်ခွဲ ၂၊ ဘာမထီပွဲတိုင်းကျော် YMB၊ ဇာမဏီ၊ SDB၊ ဒေါင်းနီ၊ ကိုဇော်မိုက်၊ သပြေတော (ပကဖ)၊ ကန်လယ် (ပကဖ)၊ ဗိုလ်လရောင် (ပကဖ)၊ သမ္မဂ္ဂ သာနော ၊ တော်ဝင်ကျား၊ M P L၊  T K G F၊ သိမ်းငှက်နီ၊ ရွှေဟင်္သာ၊ ဗမာဒေါင်း၊ အညာမုန်တိုင်း၊ စွန်ရဲ၊ ဘာမထီ စတဲ့ တပ်ဖွဲ့ ၂၁ ခုပါတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #မြိုင် #စစ်ကောင်စီ #ပျူစောထီး #ကနီရွာ #ပြည်သူ့ကာကွယ်ရေး #ပူးပေါင်း #တိုက်ခိုက် #လက်နက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10