သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ချင်းပြည်နယ် ကန်ပက်လက် မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက် တို့ ထိတွေတိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် တပ်သား ၆ဦး သေဆုံးခဲ့တယ်လို့ CDF ကန်ပက်လက် တာဝန်ခံဆီက သိရပါတယ်။
မကွေးတိုင်းနယ်စပ်ကနေ စစ်ကြောင်း ၃ခုနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဒီနေ့ မနက် ၇နာရီနဲ့ ၉နာရီတို့မှာ ကန်ပက်လက်မြို့ ( ဆောက်လုပ်ဆဲ) လေယာဥ်ကွင်းအသစ်နားမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တာပါလို့ CDF ကန်ပက်လက် တာဝန်ခံက ပြောပါတယ်။
" စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မနက်မှာရောက်လာပြီးမှ ကင်းပုန်းတွေချပြီးနေရာယူထားကြတယ်၊သူတို့နေရာယူထားတဲ့နေရာကို ကျနော်တို့လည်း ကြိုပြီးနေရာယူထားတဲ့နေရာကနေပစ်ခတ်တာလုပ်ပါတယ်၊စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၆ ဦးသေဆုံးပါတယ်" လို့ ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ဝင် အနေနဲ့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share