စစ်ကောင်စီတပ်တွေ အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ ခင်ဦးနယ်က ကောက်စိုက်သပိတ် (Photo News)

စစ်ကောင်စီတပ်တွေ အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ ခင်ဦးနယ်က ကောက်စိုက်သပိတ် (Photo News)

စစ်ကောင်စီတပ်သားတွေ အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ  ကောက်စိုက်တောင်သူတွေက ကောက်စိုက်ရင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

ကောက်စိုက်တောင်သူ ၁၀ ဦးကျော်ဟာ သြဂုတ် ၂၇ ရက်မနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ်ရှိ ကျေးရွာတရွာမှာ ကောက်စိုက်သပိတ် ပြုလုပ်ခဲ့တာဖြစ်ပြီး "NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်" စတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာလည်း ခင်ဦးမြို့နယ်က ကျေးရွာတရွာမှာ ကောက်စိုက်တောင်သူတွေက "စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်ကျဆုံးပါစေ" ဆိုပြီး သပိတ်မှောက်ကြွေးကြော်ကာ NUG အစိုးရကိုထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါသေးတယ်။ 

ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေအပြင် ဒေသခံတွေကိုပါ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပါ။    

ခုလို လုပ်ဆောင်နေတဲ့အတွက် ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်က သရက်ပင်ဝန်း၊ ကြာပင်အိုင်(ခေါ်)သဲကုန်းလေး၊ ကျွန်းလည်၊ ညောင်ပင်ကြီးစု၊ သိမ်တော်၊ ကျွန်းသွယ်၊ မှန်သာ၊ ရုံးစုရွာ၊ မူးသာရွာ၊ သက်ပေးရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာစတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအများစုက ဒေသခံ ၁ သောင်းခွဲကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ခင်ဦး #ကောက်စိုက်သပိတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ကောက်စိုက်တောင်သူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10