စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် အစမှန်လို့ ပြည်သူ ၁ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် အစမှန်လို့ ပြည်သူ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်ရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး အစမှန်လို့ ပြည်သူ ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၂ ရက် နေ့လယ် ၁ နာရီခန့်မှာ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ မြက်နီကွင်း ကျေးရွာကို စစ်ကောင်စီအင်အား ၆၀ ခန့်လာရောက် အထိုင်ချခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

" သူတို့ပစ်တာက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ်ထဲက ကွေ့ကြီး၊ ပိန်းကျော်၊ ငါးဆီလှောင်ကျေးရွာတွေဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာ " လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အသက် ၅၉ နှစ်အရွယ် အမျိုးသားဟာ ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြက်နီကွင်းကျေးရွာမှာပဲ ယာယီအထိုင်ချတပ်စွဲထားပြီး လှုပ်ရှားမှုမလုပ်သေးတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေနေမှာ ရှိနေပါတယ်။

ဇွန်လ ၁၄ ရက်ညကလည်း ထန်းတပင်မြို့နယ်၊ တောကုန်းရွာရှိ KNU ထိုလွီဝါးအထက်တန်းကျောင်းဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #လက်နက်ကြီး #ပစ်ခတ်မှု #စစ်ကောင်စီတပ် #ပြည်သူ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10