စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား ၁ စီး ပစ်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား ၁ စီး ပစ်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာကနေ ကမ္မဘက်ကိုထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ Alphabet ကား ၁ စီးဟာ ဇူလိုင် ၂၅ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်၊ တင်းဂတ်စစ်ဆေးရေးဂိတ်ကနေ စစ်သား၊ ရဲ နဲ့ ပျူစောထီး ၆ ဦးခန့်လိုက်ပါလာတဲ့ Alphabet ကားကို မနေ့ညနေပိုင်း ၃ နာရီ ၄၀ မိနစ်ဝန်းကျင်က ကန်တော်ရွာနဲ့ ကမ္မအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်လင်္ကျာက ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၁ ဦး၊ ရဲ ၁ ဦးနဲ့ ပျူ ၂ ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“သေတာကို ကမ္မစခန်းထဲတင် မြှုပ်သွားကြတယ်။ စခန်းထဲမှာတင် မြှုပ်တာဆိုတော့ သုဿာန်ကို ထွက်မမြှုပ်ရဲကြတာနေမှာ” လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်နဲ့ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၅ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #ကန်တော်ရွာ #ကမ္မမြို့ #စစ်သား #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10