စစ်ကောင်စီတပ်ရဲ့ ရိက္ခာထောက်ပို့ မော်တော်တစီး ခြုံခိုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စစ်ကြောင်းအား ရိက္ခာထောက်ပို့လာတဲ့ မော်တော်တစီးကို မုံရွာမြို့ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army BHA အဖွဲ့ဆီက သိရပါတယ်။

 

ဇူလိုင် ၃ ရက် နေ့လယ် ၁နာရီလောက်မှာ ဆားလင်းကြီးစစ်ကြောင်းကို ရိက္ခာထောက်ပို့လာတဲ့ မော်တော်တစီးကို မုံရွာမြို့၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Heart Army BHA တာဝန်ခံက ပြောပါတယ်။

 

"သလ္လာဝတီကနေ စုန်လာပြီး ဆားလင်းကြီးစစ်ကြောင်းကို ရိက္ခာထောက်ပို့လာတဲ့  **မော်တော်ကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာတယ်။ မော်တော်ကတော့ ကျနော်တို့ပစ်ခတ်လိုက်လို့ စက်ချို့ယွင်းမှုဖြစ်သွားတယ်" လို့ BHA တာဝန်ခံက ပြောပါတယ်။

 

အဲ့ဒီမော်တော်ဟာ စက်ပြင်ပြီး ဆားလင်းကြီးဘက်ကလာတဲ့ စစ်ကြောင်းကိုပါခေါ်ပြီးတော့ အမြင့်ဘက်မှာ စစ်သားတွေချကာ မုံရွာဘက်ကို ဆန်သွားတယ်လို့ သိရပါတယ်။ 

 

ထိုတိုက်ခိုက်မှုကို Brave Heart Army. B.H.A၊ Chindwin Fighter Group C.F.G၊ မုံရွာခရိုင်တပ်ရင်း ၁၀ F.R.F ၊ မုံရွာခရိုင်တပ်ရင်း ၉ တပ်ခွဲ ၃ နှင့် ဗန္ဓုလနှင့်အဖွဲ့သားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

တည်းဖြတ် - ဇို

 

#မြေလတ်အသံ

#ဆားလင်းကြီး #ချင်းတွင်းမြစ် #စစ်ကောင်စီ #မော်တော် #ရိက္ခာပို့ #စစ်ကြောင်း #ခြုံခိုတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10