စစ်ကောင်စီတပ်သားတွေ RPG နဲ့ ပစ်ခတ်ခံရပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူ အထက ၁ ကျောင်းထဲကနေ မြို့ကို ကင်းပတ်ထွက်လာတဲ့ ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သားတွေ RPG ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ DK PDF MMU အဖွဲ့ဆီက သိရပါတယ်။ 

အထက ၁ ကျောင်းထဲမှာ တပ်စွဲနေကြတာဖြစ်ပြီး အဲ့ဒီထဲ ၁၅ ဦးလောက်ဟာ ဧပြီ ၂၂ ရက် နေ့လယ် ၁၂ နာရီ ခွဲခန့်က ကား ၂ စီးနဲ့ ကင်းလှည့်ချိန် မြင်းမူမြို့အထွက် MKC ဆီဆိုင်နားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကိုတော့ Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ Zayar Shwe Myay People Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် မြင်းမူမြို့ အထက ၁ ကျောင်းထဲကိုပြန်သွားတယ်လို့ ဆိုပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #စစ်ကား #RPG #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10