စစ်ကောင်စီတပ်သား ၃ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦးထွက်ပြေး

စစ်ကောင်စီတပ်သား ၃ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦးထွက်ပြေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ထဲကနေ ထွက်ပြေးလာတဲ့ စစ်သား ၃ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ စစ်သားအင်အား ၃ ဦး ခလရ ၂၅၈ တပ်ထဲက ထွက်ပြေးလာတဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့မနေ့က တပ်ထဲကနေပြီးတော့ စစ်** ၃ ယောက်ထွက်ပြေးတယ်ဆိုပြီး သတင်းအတိအကျရတယ်။ အဲ့လိုသတင်းအတိအကျရပြီး ကျနော်တို့ ပကဖ ရဲဘော်တွေက လိုက်လံပိတ်ဆို့ထားတယ်၊ ပိတ်ဆို့တဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေနဲ့တွေ့တယ်၊ ပစ်ခတ်တဲ့အချိန်အဲဒီအထဲက ၁ ယောက်ကကျည်ထိမှန်သွားပြီး သေဆုံးတယ်" လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုဟာ ခလရ ၂၅၈ တပ်ရဲ့ နောက်ကျောဘက်မှာ ပစ်ခတ်ကြတာဖြစ်ပြီး ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထိမှန်တဲ့စစ်သားဆီက MA 1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၇ တောင့်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပခုက္ကူမြို့  ၁၀၁ တပ်ထဲက ထွက်လာတဲ့ စစ်ကား ၅ စီးကို ရေစကြိုမြို့နယ်ပကဖ အဖွဲ့က ကံသစ်ရွာအနီးမှာ ပဒေသာမိုင်းနဲ့ဆွဲပြီး တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့်အသုံးအဆောင်များ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ 

#မကွေးတိုင်း #ရေစကြိုမြို့နယ် #စစ်ကောင်စီ #စစ်ပြေး #ပစ်ခတ်မှု #ပကဖ #လက်နက်ခဲယမ်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10