စစ်ကောင်စီတပ်သား ၃ ဦးကို ပစ်ခတ်ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေ သိမ်းယူ

စစ်ကောင်စီတပ်သား ၃ ဦးကို ပစ်ခတ်ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေ သိမ်းယူ

မကွေးတိုင်း၊ ထီးလင်းမြို့နဲ့ ပေါက်မြို့နယ် ကြားမှာရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၄)ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားထဲမှ ၃ ဦးကို ပစ်ခတ်ရှင်းလင်းပြီး လက်နက်တွေကိုပါ ရယူနိုင်ခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ တပ်သား ၃ ဦးမှာ ဖေဖော်ဝါရီ ၂၆ ရက်မနက် ၉ နာရီမှာ ဆိုင်ကယ်နဲ့ စက်ရုံအပြင်ဘက်မှာ ကင်းပတ်နေချိန် ကျင်းအရှေ့ ပုံတောင်နတ်ထိပ်အရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၂) တပ်ရင်းမှူး ဗိုလ်ကျီးကန်း (Htilin - PDF) မှ ပြောပါတယ်။

"ဒီ ၃ ယောက်က ကင်းပတ်ပြီးတော့ လမ်းကြောင်းရှင်း၊ မရှင်း စုံစမ်းနေတဲ့သဘော။ ကျနော်တို့ကလည်း နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေတာ။ အဲဒီမှာ ထိပ်တိုက်တွေ့လို့ အပြန် အလှန် ပစ်ခတ်မှု ဖြစ်တာ။ ဒီ ၃ ယောက် သေတော့ လက်နက်တွေပါ ယူခဲ့တာ" လို့ ဆိုပါတယ်။

သိမ်ဆည်းရရှိခဲ့တဲ့ လက်နက်ပစ္စည်းတွေကတော့ MA 11 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့် တခုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြန်အလှန် တိုက်ခိုက်မှုကတော့ မိနစ်၂၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲအတွင်း PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ မျဥ်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး မြေမြုပ်ထားခဲ့တဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10