သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီဘက်ကလုံခြုံရေးတင်းကျပ်ထားတဲ့ ၀က်လက်မြို့ပေါ်က မြို့မရဲစခန်းနဲ့အနီးမှာ လူထုလှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ ၀က်လက်မြို့နယ်ဗကသထံမှ သိရပါတယ်။
ဒီလှုပ်ရှားမှုကို ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်မှာ ၀က်လက်မြို့နယ်ဗကသ ကနေပြုလုပ်ခဲ့တာဖြစ်ပြီး ၀က်လက်ရဲစခန်းအနီးမှာရှိတဲ့ မြေစာရင်းရုံးအရှေ့ဘက်ကနေ မြင်တော်-ရှိမ္မကား လမ်းအဆုံအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တာလို့ သိရပါတယ်။
"ကြွေးကြော်သံတွေ တိုင်တယ်၊ ဘန်နာကို မြို့ထဲမှာ ချိတ်ထားခဲ့တယ်။ စစ်ဆန့်ကျင်ရေးစာရွက်တွေကိုလည်း ဖြန့်ကြဲထားခဲ့တယ်။ အချိန် ၆ မိနစ်နဲ့ အပြီးလုပ်ခဲ့ရတာ။" လို့ ၀က်လက်ဗကသ တာ၀န်ရှိသူတဦးကပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ စစ်ကောင်စီဘက်ကနေ ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ ဗကသရဲဘော်တွေ ဦးဆောင်ပါ၀င်ခဲ့ပါတယ်။ လှုပ်ရှားမှုပြုလုပ်နေစဉ်အတွင်း မိမိတို့ဘက်က လုံခြုံရေးကြိုချထားပြီး စစ်ကောင်စီဘက်က လာရောက်ပစ်ခတ်ဖမ်းဆီးတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။
လှုပ်ရှားမှုပြုလုပ်စဉ် ၀က်လက်မြို့နယ် ပကဖ က လုံခြုံရေးယူပေးခဲ့ကြောင်း သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက ၀က်လက်မြို့မရဲစခန်းကနေ ၀က်လက်ဗကသ ရဲဘော်တွေကို ဖမ်း၀ရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးခြင်း၊ နေအိမ် ချိပ်ပိတ်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
သတင်း - လက်ျာ၊ စာတည်း - JCG
#မြေလတ်အသံ
#ဝက်လက် #ဗကသ #ဆန္ဒပြ #သတင်း
Share Share Share