သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နမခတပ်ထဲကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ဆီတွေ ထောက်ပို့လာတဲ့ စစ်သင်္ဘောတွေကို ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို ထောက်ပို့လာတဲ့ စစ်သင်္ဘောတွေကို ရှေ့ထွက်ပြောင်း ၁၂ လုံးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ မုံရွာမြို့နယ်၊ အမြင့်ရွာအထက်နားမှာ နေ့လယ် ၂ နာရီ မိနစ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် မိနစ် ၂၀ ကြာတယ်၊ စစ်သင်္ဘောက ၇ စီးလာတာ၊ နောက်ဆုံးအစီးကို ရှေ့ပွိုင့်ပြောင်း ၁၂ လုံးကို ၃ ပွိုင့်ခွဲပြီးတိုက်ခဲ့တာ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်၊ ထိခိုက်ပျက်ဆီးမှုကတော့ စုံစမ်းဆဲပါ" လို့ Chindwin Fighter Group (C.F.G) တာဝန်ခံက ပြောပါတယ်။
အဲဒီနေ့မှာပဲ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ ထောက်ပို့စစ်သင်္ဘောတွေကို Myanmar's Royal Dragon Army-MRDA အဖွဲ့ကလည်း ဆားလင်းကြီး-မုံရွာ-ညောင်ပင်ကြီးအစပ် ချင်းတွင်းမြစ်ဘေးကနေ ကတုတ်ကျင်းတွေကနေ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
"ကျနော်တို့က ကတုတ်ကျင်းထဲကနေ ပစ်တာ၊ ရှေ့ဆုံးကအစီးကတော့ လက်နက်ခဲယမ်းတွေပါလာပြီး စစ်**ကအနည်းငယ်သာပါတယ်၊ ဒုတိယအစီးမှာက စစ်ခွေးတွေပါတယ်၊ အဲဒီပေါ်ကနေ ရမ်းသမ်းပစ်သွားတယ်၊ အင်အားလည်းများတယ်၊ ကျနော်တို့ဘက်ကလည်း ဂန်းငယ် လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်၊ စစ်သင်္ဘောပေါ်မှာက ဘန်ကာတွေကို သဲအိတ်တွေနဲ့ကာထားတော့ ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ မသိရသေးဘူး၊ မုံရွာဘက်ကို ဆိုက်တော့ လူနာတင်ကားတွေလာပြီး သယ်သွားတယ်"လို့ သိရကြောင်း Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။
စစ်သင်္ဘောပေါ်က ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေ ပျက်စီးပြီး ထိခိုက်ဒဏ်ရာရနဲ့ ပြည်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G)၊ Myanmar's Royal Dragon Army-MRDAနဲ့ ဒေါင်းရာဇာ ပျောက်ကြားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရှာ #ချင်းတွင်းမြစ် #စစ်ကောင်စီထောက်ပို့ရေယာဉ် #စစ်ကောင်စီ #PDF #ရုပ်သံသတင်း
Share Share Share