စစ်ကောင်စီနဲ့ပေါင်းပြီး ရခိုင်ပြည်သူကို သစ္စာဖောက်နေသည်ဟု AA ရဲ့ စွပ်စွဲချက် မမှန်ကြောင်း ALP ငြင်းဆို

စစ်ကောင်စီနဲ့ပေါင်းပြီး ရခိုင်ပြည်သူကို သစ္စာဖောက်နေသည်ဟု AA ရဲ့ စွပ်စွဲချက် မမှန်ကြောင်း ALP ငြင်းဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က စစ်ကောင်စီနှင့် ပူးပေါင်းကာ ရခိုင်ပြည်သူလူထုကို သစ္စာဖောက်နေသည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြောဆိုလိုက်သည်။

အဆိုပါပြောဆိုမှုကို ယနေ့ဩဂုတ်လ ၁၁ရက်နေ့ တွင် ပြုလုပ်သည့် ULA/AA၏ စတုတ္ထမြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"စစ်တွေမြို့ထဲမှာ လက်နက်ကိုင် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ALPတပ်ဖွဲ့ဝင်‌တွေ ကို လိုအပ်လို ထိန်းသိမ်းထားတာဖြစ်ပါတယ်။တခြား နောက်ထပ် ဒီအမှုတွေနဲ့ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့အမှုအသွားအလာပေါ်မူတည်ပြီး ဘာဆက်လုပ်သွားဖို့ဆိုတာကတော့ စောင့်ကြည့်နေတာရှိပါတယ်။ဒိလိုအုပ်စုဖွဲလို့ ရာဇဝတ်မှုကျူးလွန်နေတာက ပြည်သူလူထုရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတာဖြစ်သလို တဖက်မှာနေပြီးတော့လည်း ရန်သူနဲ့ပူးပေါင်းပြီးတော့ ပြည်သူလူထုကို သစ္စာဖောက်နေတာဖြစ်တယ်။ALPအနေနဲ့ပြည်သူလူထုကို ဒီလို သစ္စာဖောက်တဲ့ လုပ်ရပ်တွေ၊အနိုင်ကျင့်နေတာတွေက သူတို့ရဲ့လုပ်ရပ်ရဲ့ အနာဂတ်မှာ ပြည်သူက ဘယ်လို ဒဏ်ခတ်သွားမလည်းဆိုတာကို ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်ရဖို့ဖြစ်ပါတယ်။"ဟု ခိုင်သုခက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ် သက်၍ NCAလက်မှတ်ရေးထိုးစဉ် ကတည်းကပင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရေး အခန်းကဏ္ဍနှင့် သွားနေသည့် အချိန်ခါမျိုးမှာ က ALP/ALAအနေဖြင့် သစ္စာဖောက်သည့်လုပ်ရပ် တခုမှမရှိခဲ့သလို ယနေ့နေ့အချိန်ထိ မိမိတို့အမျိုး သားရေး ဂုဏ်သိက္ခာကို နှစ်ပေါင်း ၅၀ကျော်စောင့်ထိန်းလာသည့် ပါတီတခု၊တပ်မတော်တခု ဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးတပ်မ တော်(ALA) မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ် မှူးကြီးခိုင်ကျော်စိုး ကပြောသည်။

"ကျွန်တော်တို့အနေနဲ့ သစ္စာဖောက်နေတယ်ဆိုတာက ဘာကိုဆိုလိုတာလည်းလို့ ပြန်မေးရဖို့ဖြစ်တယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူအပေါ်မှာ သစ္စာဖောက်တာ ဘာတခုမှမရှိဘူး။ ကျွန်တော်တို့က အမျိုးသားရေလွတ် မြောက်ဖို့အတွက် ကြိုးစားနေတဲ့တပ်မတော် တခုဖြစ်တယ်။ဒီလိုအမျိုးသားရေး ဂုဏ်သိက္ခာကို စောင့်ထိန်းနေလို့ AA/ULA  ပြည်တွင်းထဲမှာ ရပ်တည်နိုင်တာဖြစ်တယ်။ ကျွန်တော်တို့သာ တကယ် လို့သစ္စာဖောက်နေဖို့ ဆိုရင် ကျွန်တော်တို့ရခိုင်သားအချင်းချင်းအနေနဲ့ ULA/AA ရှိတဲ့နေရာတွေကို မသိနိုင်စရာ အကြောင်းမရှိ။ ဒီနေ့ထက်ထိ ကျွန်တော်တို့က ဒီဟာတွေကို လျှို့ဝှက်တားတုန်းဖြစ်တယ်။ သူ့အလုပ်ကိုသူလုပ်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပုံစံမျိုးနဲ့ ကိုယ်တို့လမ်းစဉ်အတိုင်း လမ်းလျှောက်နေကြတာဖြစ်တယ်။" ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ALPအဖွဲ့ဝင် ဖြစ်၍ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ ရခိုင်ပြည်သူလူထုအပေါ်မှာ ကျုးလွန်ထားသည့် ၎င်း၏ရာဇဝတ်မှုကြောင့်သာ ဖြစ်သည်ဟုလည်း ခိုင်သုခကပြောသည်။ 

"ကျွန်တော်တို့အမြင်မှာကတော့ ခိုင်ပေါ်လင်းဟာ ရခိုင်လူမျိုးထဲက ပြည်သူတဦးသာဖြစ်တယ်။ သူက တချို့ရာဇဝတ်ပြစ်မှုတွေမှာ ပါဝင်ပတ်သက်တာတွေရှိတယ်။ အဲဒီအမှုတွေနဲ့ပတ်သက်လို့ ပြည်သူတွေက တိုင်တန်းလာတာရှိပါတယ်။ အဲဒါကြောင့် ပြည်သူလူထုလုံခြုံရေး အတွက် လိုအပ်လို့ ဖမ်းဆီးထားရခြင်းဖြစ်တယ်" ဟု ဆိုသည်။

အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ ဒုဗိုလ်မှူး ခိုင်ကျော်စိုးက ALPဗဟိုကော်မတီဝင် ဒုဗိုလ်မှူး ခိုင်ပေါ်လင်းမှာ ငယ်စဉ်ကတည်းကပင် ဘာသာတရားကို ကိုင်းရှိုင်းပြီးတော့ ဗုဒ္ဓစာပေကိုအတိုင်းအတာတခုထိ တတ်မြောက်ထားသည့် သူတဦးဖြစ်သည်ဟု ဆိုသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10