စစ်ကောင်စီနဲ့ ရှမ်းနီတပ်မတော် ပူးပေါင်းပြီး ဥရုချောင်းကို ဘယ်လိုဖျက်ဆီးနေလဲ

စစ်ကောင်စီနဲ့ ရှမ်းနီတပ်မတော် ပူးပေါင်းပြီး ဥရုချောင်းကို ဘယ်လိုဖျက်ဆီးနေလဲ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရှိတဲ့ ဥရုချောင်းအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်မတော် တို့ရဲ့ ခွင့်ပြုချက်နဲ့ မျောတိုက်(ရွှေတူး) လုပ်ငန်းတွေ အလွန်အကျွံလုပ်ကိုင်နေလို့ ဥရုချောင်း တိမ်ကော ပျက်ဆီးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီး ၃လနီးပါအကြာကတည်းက စပြီးတူးနေခဲ့တာ မိုင်ပေါင်း ၄၀၀ နီးပါး တူးခဲ့ပြီးဖြစ်သလို လှေဖြတ်လို့မရတော့တဲ့ အထိရေကတိမ်လာသလို တဖက်ကမ်းနဲ့ တဖက်က အများဆုံး ၇ကိုက်နဲ့ အနည်းဆုံး ၄ကိုက် နီးပါးအထိ ကျဉ်းမြောင်းလာနေပြီလို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

" ချောင်းက ကျဉ်းပြီး တော်တော်လေးကို ကောပြီးတော့ လှေကလေးတွေ ဘာ‌လေးတွေက အစသွားလာလို့မရအောင် ဖြစ်လာတော့တာ" လို့ ‌ဒေသခံလူငယ် တဦးက ချောင်းရဲ့ အခြေအနေကို ပြောပါတယ်။

အဲ့ဒီဥရုချောင်းက ဟုမ္မလင်းမြို့နယ်နဲ့ ချောင်းကမ်းဘေးတဖက်ဆီက ရွာပေါင်း ၂၀၀ နီးပါးရဲ့ ကုန်သွယ်ရေးကို အားထားရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သလို စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း အဲ့ဒီချောင်းကိုပဲ မှီခိုပြီးလုပ်ကိုင်စားသောက်နေရတာဖြစ်လို့ ချောင်း‌တိမ်ကော သွားခဲ့ရင် ‌ဒေသခံတွေ ဒုက္ခရောက်ကုန်မှာကို စိုးရိမ်နေကြပါတယ်။

" ကျနော်တို့ မာလုံရွာဘက်မှာတုန်းက တခါသွားတားသေးတယ် ၊ သူတို့က မင်းတို့ကျည်ဆံယူမလား ရွာအတွက်ရန်ပုံငွေယူမလားဆိုပြီး အဲ့လောက်ထိအောင် ပြောတာပေါ့၊ ခြိမ်းခြောက်တာပေါ့" လို့ ဒေသခံတွေကို ရှမ်းနီတပ်မတော် SNA က ခြိမ်းခြောက်ခဲ့ပုံကို ‌ပြန်ပြောပြပါတယ်။

အဲ့ဒီဒေသမှာ ရှမ်းနီလူမျိုး အများစုနေထိုင်ကြပြီး ရှမ်းနီလက်နက်ကိုင်အဖွဲ့ ကြီးဆိုးထားတဲ့ နေရာ ဒေသဖြစ်ပေမယ့် 
ရှမ်းနီးတပ်မတော် ကိုယ်တိုင်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မျောတိုက်တဲ့ လုပ်ကွက်တွေကို အခကြေးငွေယူပြီး လုပ်ခွင့်ပေးထားတာကြောင့် ဒေသခံရှမ်းနီလူမျိုးတွေပါ စိုးရိမ်နေကြပါတယ်။

အဲ့ဒီဒေသရဲ့ အသက်သွေးကြောလို့ ‌ဆိုရတဲ့ ဥရုချောင်းမှာ မျောတိုက်ထားတဲ့ မျောမြှီး(သဲပုံ) တွေဟာ အိမ်ထက်တောင်မြင့်တက်နေပြီး စိုက်ခင်းတွေကိုပါပိနေတဲ့ အခြေအနေအထိ ဖြစ်နေပြီလို့ ရှမ်းနီလူမျိုး ဒေသခံတဦးကလည်း ပြောပါတယ်။

" မြောသမား‌တွေရော ရှမ်းနီလက်နက်ကိုင်တွေရောက စစ်ကောင်စီရဲ့ ထောက်တိုင်လိုဖြစ်နေတော့တာပေါ့ ၊ ဘာလို့လဲဆိုတော့ ဥရုချေင်းမှာ မောင်းနေတဲ့ မြောတွေကို စစ်အာဏာရှင်က တမြောကို အနည်ဆုံး ၅ သိန်းလောက် ကောက်တာကိုးး၊ အခုက ဘယ်သူမှ ကာကွယ်မဲ့သူကလည်း မရှိ" လို့ ရှမ်းနီဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

တစ်နှစ်နီးပါး မျောတိုက်လာခဲ့တာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပြတ်‌တောက်ခဲ့ပြီး ကုန်းလမ်းကိုပဲ အားပြုနေရလို့ ကုန်စျေးနှုန်းတွေပိုပြီးမြင့်တက်လာခဲ့တယ်လို့ ဒေသခံ လူငယ်တဦးက ဆိုပါတယ်။

" အစက ဖလပ်ခွန်( ဇာတ်သင်္ဘော) တစ်စီးကို ၁၂ဘီးကား ၁၀စီး ၁၅စီးလောက်ပါတယ်၊ အဲ့ဒီကုန်းလမ်းနဲ့ကြတော့ ၁၂ဘီးကကား ၁စီးရောက်ဖို့က ဆီလည်းကုန်မယ်၊ ပစ္စည်းကလည်း နည်းနည်းပဲ ပါတာ၊ အဲ့ဒီအားနည်းချက်တွေရှိသွားတာပေါ့၊ အစကဆို ကုန်ပစ္စည်းကို အောတိုက်ပြီး အများပြီးမှာလို့ရတယ်" လို့ ပြောပါတယ်။

မန္တလေး၊ မုံရွာ မြို့ကြီးတွေကနေ ဟုမ္မလင်းမြို့နယ်ကို အဓိကကုန်သွယ်နေတဲ့ ရေလမ်းကြောင်းက အခုချိန်မှာ အသုံးပြုလို့မရတော့ပဲ မျောတိုက်တဲ့ လုပ်ငန်းတွေနဲ့ ပြည်နှက်နေခဲ့တာဖြစ်ပါတယ်။

ဥရုချောင်းဘေးက စိုက်ပျိုးမြေတွေနဲ့ စိုက်ခင်းတွေကိုလည်း မျောမြှီး( သဲပုံ) ပုံဖို့အတွက် မျောလုပ်ငန်းရှင်တွေက စျေးအဆမတန်ပေးဝယ်ပြီး စိုက်ခင်းတွေပေါ်ကို ပုံထားတဲ့ သဲပုံတွေက မိုးတွင်းရေကြီး ရေလျှံဖြစ်လာရင် အန္တရယ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်နက်ကိုင် နှစ်ဖွဲ့နဲ့ လုပ်ငန်းရှင်တွေကြားမှာ ‌ဒေသခံရှမ်းနီလူမျိုးတွေအပြင် ဥရုချောင်းဘေးက ပြည်သူတွေအတွက် 
အားကိုးစရာမရှိသလို ‌ကျရောက်လာမဲ့ အန္တရာယ်တွေအတွက် ပူပန်နေရုံကလွဲပြီး မတတ်နိုင်တဲ့ အခြေနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10