စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး ပြည်သူ ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး ပြည်သူ ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ ဇရပ်ခင်ရွာဟောင်းကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၂၂ ရက်မနက် ၁၁ နာရီခန့်မှာ ဇရပ်ခင်ကျေးရွာအနီးရှိ ရေထိန်းတံခါးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်​စွဲထားရာနေရာကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ ရွာဟောင်းဘက် လယ်ကွင်းနားကို တလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲမရှိဘဲ ဒီလိုပဲ ပစ်ခတ်နေတာ။ သုံးလုံးပစ်တယ်လို့သိရပြီး တလုံးက လယ်ကွင်းထဲကျရာမှာ တောင်သူတယောက်နဲ့ ငါးဖမ်းသူတယောက်ထိသွားတယ်".လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဦးတင်ထွေး ၆၄ နှစ်ဟာ လက်နဲ့ခြေထောက်၊ ဗိုက်တွေမှာ ဒဏ်ရာရပြီး ပဲနွယ်ကုန်းဆေးရုံ ပို့ဆောင်ချိန်လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ငါးဖမ်းနေသူ ကိုမင်းမှာ ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ စိုးရိမ်ရဒဏ်ရာရပြီး ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၄ ရက်ညကလည်း ကျောက်တံခါးမြို့ရှိ စစ်ကောင်စီတပ်ကနေ ဖျံသလင်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီး #ဒေသခံ #သေဆုံးဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10