စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပျဥ်ရေကြီးကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဩဂုတ်လ ၂၉ ရက် နေ့လယ် ၁၁ နာရီကနေ ၁ နာရီခွဲအတွင်းမှာ ပိန်းဇလုပ် ခလရ  ၂၆၄ တပ်ကနေ ပျဥ်ရေကြီးကျေးရွာဘက်ကို ၁၂၀ မမ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"မနေ့က ပစ်ခတ်မှုမှာ ၃ ကြိမ်ပေါ့၊ လက်နက်ကြီးပစ်တာ။ ရွာထဲ ၃ လုံးကျပေါက်ကွဲတာ။ ရွာဘုန်းကြီးကျောင်းနားက နေအိမ်တွေထိတာ။ နေအိမ်တွေဆို ကြည့်လို့တောင် မကောင်းဘူး ဖြစ်ကုန်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ မသွန်းရတီဖူး ၇ နှစ်၊ မစန်းမျိုးဦး ၄၄ နှစ် သားအမိ ၂ ဦးစလုံးဟာ နေရာမှာဘဲ သေဆုံးသွားခဲ့ပါတယ်။


ဒါ့အပြင် ဦးကျော်မင်းနိုင်၊ ဒေါ်မိုးမိုးဌေး၊ ကိုထူးဝေဖြိုးတို့ ၃ ဦးဒဏ်ရာရခဲ့သလို နေအိမ် ၅ လုံးလည်း လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားပါတယ်။

ညောင်လေးပင် အခြေစိုက် ခလရ ၂၆၄ တပ်အပါအဝင် မြို့တွင်းရှိ စစ်ကောင်စီတပ်၊ တော်ဝိ၊ ပုဇွန်းမြောင်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက နေ့တိုင်းလိုလို ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၂၇ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ညောင်လေးပင် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #ဒေသခံ #ကလေးသူငယ် #အမျိုးသမီး #ထိခိုက်သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10