စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက် ည ၇ နာရီကျော်ကနေ ၁၀ နာရီအတွင်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ရေဖြူကန်ကျေးရွာဘက်ကို ၁၂၀ မမ ၇ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ပစ်တဲ့ လက်နက်ကြီးတွေထဲက တလုံးက ရွာထဲကျပြီး လူထိတယ်။ ကျန်တာက ရွာပြင်ကျတယ်။ ခုလိုပဲ စကစတပ်ဘက်က ရွာတွေကို ပစ်နေကျ"လို့ ဒေသကာကွယ်ရေအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အသက် ၇၀ အရွယ် ဒေါ်ဖွားကွန်းနဲ့ သမီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်သီတာဝင်းမှာ လက်နဲ့​​​ခြေထောက်တွေမှာ လက်နက်ကြီး အစ စင်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒေါ်သီတာဝင်းနေအိမ် အမိုးထိခိုက်ပျက်စီးခဲ့သလို ဆိတ်တကောင်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းကလည်း ညောင်လေးပင်မြို့အတွင်းနဲ့ တာပျက်တံတားနားမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေဟာ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ ညောင်လေးပင်မြို့နယ်၊ ဝိုင်းကျေးရွာတွေကို ၆ လ အရွယ် ကလေးအပါအဝင် ၄ ဦးဒဏ်ရာရသွားခဲ့တယ် သိရပါတယ်။

ပုံစာ - စကစ ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် ထိခိုက်ပျက်စီးမှုများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒေသခံထိခိုက် #နေအိမ်ပျက်စီး #KNU #ပဲခူးတိုင်း #ရွှေကျင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10