စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေပြီး ၈ ဦးဒဏ်ရာရ

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်မှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်မှာ ကျောက်တံခါးအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ  ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးရွာနဲ့ ဖြူးမြို့နယ်၊ ပျဥ်းမပင်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"စကစပစ်တဲ့ လက်နက်ကြီး ရွာတွေထဲကျလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာရှိတယ်။ ကလေးတွေလည်း ဒဏ်ရာရတာတွေ ရှိတယ်"လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးတွေထဲက ၁ လုံး ကျောင်းစိုးရွာထဲကို ကျရောက်ပေါက်ကွဲချိန် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အသက် ၃၀ မှ ၆၀ အရွယ် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ဒါ့အပြင် ပျဥ်းမပင်ကျေးရွာထဲကို လက်နက်ကြီးကျရောက်ရာမှာလည်း အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးကာ ၄ နှစ်အရွယ် မိန်ကလေး ၁ ဦးနဲ့ ၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ စစ်ကောင်စီပစ်တဲ့  လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေ၊ ကလေးငယ် ၁ ဦးဒဏ်ရာရခဲ့သလို၊ နိုဝင်ဘာ ၄ ရက်မှာ ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာကိုလည်း စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ကလေး ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ 

ယခု ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်တွေထဲမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေမကြာခဏဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ထိ စစ်ကောင်စီတပ်သားတွေနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၄၂၆၈ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ဖြူး #စစ်ကောင်စီ #လက်နက်ကြီးပစ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10