သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဇန်နဝါရီ ၂၆ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ ကနေ နတ်သံကွင်းမြို့အပါအဝင် ကျေးရွာတွေဘက်ကို လက်နက်ကြီး ၃ လုံး ထက်မနည်းပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာကို ကျရောက်ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာပါ။
"အဲ့နေ့က လက်နက်ကြီး ၄ ကြိမ်လောက်ပစ်တယ်။ အဓိက ရွာတွေဘက်ကိုပစ်တာ။ ထိတဲ့သူတွေကလည်း ရွာပြင် လယ်ထဲအလုပ်လုပ်နေချိန် သူတို့အနားကျပြီး ထိခိုက်ကြတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးထိလို့ ရေတွင်းကုန်းရွာသား အသက် ၃၂ နှစ်အရွယ် ကိုစောထက်လင်းမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ အစမှန်ဒဏ်ရာတွေနဲ့ နေရာမှာသေဆုံးပြီး အသက် ၅၀ နှစ်အရွယ် စောပိုးပိုးမှာ ပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါ့အပြင် နတ်သံကွင်းမြို့ထဲကိုပါ လက်နက်ကြီးကျည်အချို့ ကျရောက်ခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်မှာလည်း ပိန်းဇလုပ် ခလရ ၂၆၄ ကပစ်တဲ့ လက်နက်ကြီး ကျည်တွေဟာ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိူးကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာတွေမှာကျပြီး ဒေသခံ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံ #သေဆုံး #ထိခိုက် #သတင်း #မြေလတ်သတင်း
Share Share Share