စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ထိလို့ သားအဖ ၂ ဦးသေဆုံး

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ထိလို့ သားအဖ ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာက သားအဖ ၂ ဦး စစ်ကောင်စီတပ်တွေ ပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမဖြစ်ပဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ ခုလို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။  

"အုတ်ဖြတ်တံတားဘက်ကနေ နေ့လယ်ပိုင်း လက်နက်ကြီးပစ်သံတွေ လေးငါးချက်လောက် ကြားရတယ်။ ခဏနေတော့ လေးအိမ်စုရွာထဲကို တလုံးကျတယ်လို့ သိရတယ်။ အိမ်ရှေ့မှာရှိနေတဲ့ သားအဖ ၂ ယောက် လက်နက်ကြီးမှန်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။


ဖခင်ဖြစ်သူ ဦးစိုးလင်း ၃၇ နှစ်က ခန္ခာကိုယ်ထိမှန်ကာ သားဖြစ်သူ မောင်ပိုင်ချစ်သော် ၅ နှစ်ကတော့ ဦးခေါင်းထိပြီး နှစ်ဦးစလုံး နေရာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ဩဂုတ်လ ၂၃ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ပင်ကျော်ကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ စစ်တပ်ထောက်ခံသူ ၂ ဦးသေဆုံးပြီး စစ်တပ်ထောက်ခံသူ ၁ ဦးနဲ့ ပြည်သူ ၄ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဖြူး၊ ထန်းတပင်၊ ကျောက်ကြီး၊ ကျောက်တံခါး စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာမရှိပဲ စစ်ကောင်စီတပ်တွေက မကြာခဏလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

စာတည်း - လင်း 
 
#​မြေလတ်အသံ
#ပဲခူး #ဖြူး #လေးအိမ်စုကျေးရွာ #သားအဖ၂ဦးသေဆုံး #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10