သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့ကို စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ဒုဝန်ကြီးတို့ ၂ ဦး ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဝန်ကြီး ၂ ဦးရောက်ရှိနေတာကြောင့် ပြည်မြို့ပေါ်က ဗိုလ်ချုပ်လမ်းတလျှောက်၊ ဘုရင့်နောင်လမ်းတလျှောက်ရှိ ဓာတ်တိုင် ၁ တိုင်အကွာမှာ လုံခြုံရေးစစ်သား ၂ ဦးစီချထားပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေနဲ့ဆိုင်ကယ်တွေကို အဓိကထားစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
"ရွှေဆံတော်ဘုရားကို ယတြာလာချေတယ်လို့ သိထားပါတယ်။ တခြားအစီအစဥ်တော့ မသိရပါဘူး။ မနေ့ကတည်းက မြို့ပေါ်မှာ မီးမပြတ်တာပါ။ ညရောနေ့ရော အစစ်အဆေးတင်းကျပ်ထားပါတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။
ဝန်ကြီး ၂ ဦး ယတြာလာချေတဲ့ ရွှေဆံတော်ဘုရားမှာ ပြည်မြို့ အရှေ့ပိုင်း၊ ဆင်စုရပ်မြောက်ဘက်မှာတည်ရှိပြီး အဲဒီဘုရားမှာ ဆေးပဌာန်းယတြာလာချေတာဖြစ်တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
"ဆေးပဌာန်းယတြာလို့ သိထားပါတယ်။ နားမလည်လို့အတိအကျမပြောတတ်ပါ”လို့ သူက ဆိုပါတယ်။
ဝန်ကြီးတွေရောက်ရှိလာပြီးနောက် ခေတ္တရာမြို့သစ်ရပ်ကွက်ထဲကို စစ်ကား၊ ဆိုင်ကယ်တွေနဲ့ လှည်ပတ်နေပြီး "ထွန်း" ဟိုတယ် အနီးအနားအရောက်မှာတော့ သေနတ်သံ ၁ ချက်ကြားလိုက်ရတယ်လို့ သူက ပြောပါတယ်။
ပြည်မြို့ပေါ်ကိုရောက်ရှိနေတဲ့ ဝန်ကြီး ၂ ဦး ဇန်နဝါရီ ၁၅ ရက် ဒီကနေ့မှာ မြို့ပေါ်ကနေ ထွက်ခွာသွား၊ မသွားကို မသိရှိရပေမယ့် မြို့ပေါ်မှာတော့ လျှပ်စစ်မီးဖြတ်တောက်တာမရှိသေးသလို လမ်းပေါ်တွေမှာ စစ်ဆေးရေးတင်းကျပ်မှုတွေ ဆက်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AAက တောင်ကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ပြည်-တောင်ကုတ်လမ်းပေါ်က နောက်ဆုံးကျန် တောင်ပုံကြီးစခန်းကို ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က အဲဒီတောင်ပုံကြီးစခန်းကို ဆုံးရှုံးခဲ့ရပြီးနောက် ပြည်မြို့တဖက်ကမ်းက ဥသျှစ်ပင်နဲ့ ပန်းတောင်းမြို့တို့ကို စစ်ကားတွေနဲ့ အင်အားအများအပြားပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းအစောပိုင်းကာလ ပြည်မြို့တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#မြေလတ်အသံ
#ပြည် #စစ်ကောင်စီ #ဝန်ကြီးချုပ် #ဦးမျိုးဆွေဝင်း #ဝန်ကြီးချုပ်ခရီးစဉ်
Share Share Share