စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ကို M 79 နဲ့ ပစ်ခတ်

စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ကို M 79 နဲ့ ပစ်ခတ်

ပဲခူးမြို့၊ ရုံးကြီးရပ်ရှိ စစ်ကောင်စီ တိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ကို M 79 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ ပဲခူးတိုင်းစစ်ကောင်စီရဲ့ အဓိကကျတဲ့ ရုံးကို M 79 နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"မြေပြင်သတင်းပေးပို့ချက်အရ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှု အခြေနေကတော့ အသေးစိတ်မသိရသေးဘူး။ စုံစမ်းဆဲအခြေနေဘဲရှိပါသေးတယ်"လို့ ပဲခူးတိုင်ဒေသကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့  ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ပဲခူးမြို့နယ် ပကဖ အဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ပစ်ခတ်လိုက်တဲ့ M 79 ကျည်ဟာ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းဂိတ်ပေါက်ဝနားကို ကျရောက်ပေါက်ကွဲခဲ့တယ်ဆို့ သိရပါတယ်။

"ညက ပေါက်ကွဲသံတော့ကြားတယ်။ ဌာနဆိုင်ရာရုံးတွေ ရှိတဲ့ ဘက်နားကဘဲ။ ခြံစည်ရိုးဘေးနားကျကွဲတယ်။ လူထိခိုက်တယ်လို့တော့ မကြားမိဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံး အနီးဝန်းကျင်ကို ဒေသခံတွေသွားလာလို့ မရအောင် စစ်ကောင်စီဘက်က ဘယ်ရီဂိတ်တွေ သံဆူးကြိုးတွေနဲ့ ကာရံထားမှုတွေလည်း လုပ်ထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန်ရပ် ၂၁ လမ်းမှာ ကြံ့ခိုင်ရေးပါတီဝင် နေအိမ် ဗုံးပစ်ခံရလို့ ကလေးငယ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ထွေအုပ် #စစ်ကောင်စီ #ပကဖ #M79 #ပစ်ခတ်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10