စစ်ကောင်စီဖမ်းဆီးထားတဲ့ ချောင်းဦးဒေသခံ ၁၅ ဦးထဲက ၁ ဦးသာပြန်လွတ်လာ

စစ်ကောင်စီဖမ်းဆီးထားတဲ့ ချောင်းဦးဒေသခံ ၁၅ ဦးထဲက ၁ ဦးသာပြန်လွတ်လာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁ ဦးသာ ပြန်လွတ်လာတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၁၆ ရက်မှာ အသက် ၄၀ နဲ့ ၆၀ ကြားရှိ အမျိုးသား၊ အမျိုးသမီး ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အသက် ၆၀ အရွယ်အမျိုးသား ၁ ဦးကို ဇူလိုင် ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

"အဖမ်းခံရသူတွေက စျေးဆိုင်ရောင်းသူတွေ။ သူတို့ကို PDFနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းသွားတာလို့ သိရတယ်" လို့ ချောင်းဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

သူတို့တွေကို ဇူလိုင် ၁၈ ရက်ဒီနေ့အထိ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်ရုံး)ထဲမှာ စစ်ကြောရေးခံနေရတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ၁၄ ဦးမှာ ချောင်းဦးမြို့မစျေးရဲ့တောင်ဖက်နဲ့အနောက်ဖက်ရှိ စျေးဆိုင်တန်းက ဈေးသည်တွေဖြစ်ကြတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အဆိုပါစျေးသည်တွေကို လာရောက်ဖမ်းဆီးချိန်ကလည်း လူနေအိမ် ၂ လုံးကိုပါ မီးရှို့သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #ဖမ်းဆီး #ဒေသခံ #တဦးပြန်လွတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10