စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပေတူး၊ စပ်လဲကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၅ ဦး ဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဧပြီလ ၇ ရက် ဒီကနေ့မနက်မှာ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံတပ်တွေက ကျောက်ကြီးမြို့နယ် ဆင်မတောင်၊ ခြေတော်ရံနဲ့ဆိပ်ကြီးမှနေပြီး ပေတူး၊ စပ်လဲကျေးရွာတွင်းကို လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ သူတို့ရဲ့သားတွေဖြစ်တဲ့ အသက် ၁၁ နှစ်၊ ၁၃ နှစ်နဲ့ ၁၆ နှစ်အရွယ်ရှိ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ KNU ဆေးတပ်ဖွဲ့ကနေ ဆေးကုသမှုဆောင်ရွက်ပေးနေရတယ်လို့ ဖော်ပြပါတယ်။


လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပေတူးကျေးရွာ၊ စပ်လဲကျေးရွာ၊ လော်မူသောကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်လည်း ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာလည်း KNU အုပ်ချုပ်နယ်မြေ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို တိုက်လေယာဥ် ၄ စီးနဲ့ ဗုံး ၂၈ လုံးထက်မနည်း ကြဲချခဲ့လို့ လူနေအိမ်၊ စာသင်ကျောင်းတွေ မီးလောင်ပြာကျခဲ့ပြီး အသက် ၇၀ အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10