သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်းရရှိခဲ့တဲ့ ဘက်ဟိုး(မြေတူးစက်)နဲ့စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စိုးမိုးနယ်မြေအတွင်းက ရွာ ၆ ရွာမှာရှိတဲ့လမ်းတွေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြုပြင်ပေးနေကြတယ်လို့ Myingyan Black Tiger-MBT ဆီက သိရပါတယ်။
အဲ့ဒီလမ်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ပြုပြင်ပေးနေတာလို့လည်း Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ဘက်ဟိုး(မြေတူးစက်)ဟာ ဆမိတ်ခုံမြို့ ရှိ စစ်တပ်ပိုင်တဲ့ ၂၃ တန် ဘက်ဟိုးဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ MBT အဖွဲ့က လုံခြုံရေးအပြည့်ယူပြီး သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
MBT အပါအဝင် Royal Brother Defence Force RBDFနဲ့ ကျေးရွာတာဝန်ခံတွေ ပူးပေါင်းကာ မြောင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ရွာ ၆ ရွာကလမ်းတွေကိုပြုပြင်ပေးနေကြတာပါ။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #မြောင် #ဘတ်ဟိုး #လမ်း #ပြုပြင်
Share Share Share