စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၉ ရက်မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာဆီက သိရပါတယ်။

တညလုံး ရွာနားကိုချဉ်းကပ်ခဲ့ပြီး မနက် ၄ နာရီလောက်မှာ တိုက်ပွဲစတင်ကာ မနက် ၆ နာရီဝန်းကျင်လောက်အထိ ၂ နာရီနီးပါး အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ဆိုပါတယ်။


အဲ့ဒီတိုက်ပွဲမှာ ဇီးဖြူကုန်းရွာမှာတပ်စွဲပြီးတည်ဆောက်ထားတဲ့ ဘန်ကာ ၄ ခုမှာ ၃ ခုကိုသိမ်းနိုင်ခဲ့သလို စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲ ၂၀ ကျော်သေဆုံးပြီး အရာရှိတွေက ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် KLG တပ်မဟာက ရဲဘော်တဦးအပါ မဟာမိတ်အဖွဲ့တွေက ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြပါတယ်။

၄ ခုမြောက်ဘန်ကာကို သိမ်းနိုင်ကာနီးမှာ နောက်ထပ်ပျူရွာ ၃ ရွာက စစ်ကူတွေထပ်ရောက်လာလို့ တပ်ပြန်ဆုတ်ခဲ့ရပေမယ့် တိုက်ပွဲအပြီး အပြန်လမ်းမှာ ဒေသခံတွေက သပြေခက်တွေနဲ့ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာ၊ ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10