စစ်ကောင်စီရိက္ခာကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

စစ်ကောင်စီရိက္ခာကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ၁၂ ဘီးကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်သားနဲ့ပျူတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေကာ ပျူစောထီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ Pakokku People Defense Force-PPDF အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်သားနဲ့ ပျူစောထီးတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့လယ် ၁၂ နာရီကျော်က ပခုက္ကူမြို့နယ်အပိုင် ပခုက္ကူ-ကမ္မ-ပေါက် လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့က တပ်ဖြန့်ပြီးပုံစံနဲ့ တက်လာတာ၊ ကျနော်တို့က ဒရုန်းနဲ့ဝေဟင်က သတင်းထောက်လှမ်းတာမျိုးတွေလုပ်တယ်၊ **၇ ကောင်လောက်က ကျနော်တို့ပွိုင့်နားကို ကပ်လာတာမှာ မိုင်းခွဲလိုက်တာ၊ ၁ ဦးသေပြီး ၃ ကောင်ဒဏ်ရာရတယ်” လို့ Pakokku People Defense Force-PPDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ တပ်မ ၁၀၁ ကစစ်သားတွေနဲ့ ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ကျေးရွာတချို့က ပျူစောထီးတွေက ပူးပေါင်းကာ လုံခြုံရေးယူပေးနေတာဖြစ်ပြီး သူတို့ကို ပေပါမိုင်း ၂ လုံးနဲ့ ပုံမှန်မိုင်း ၃ လုံး စုစုပေါင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း ပခုက္ကူမြို့ကနေ ကမ္မမြို့ဘက်ကို ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းကို Pakokku People Defense Force-PPDF အဖွဲ့က ပခုက္ကူ - ကမ္မ လမ်းပိုင်းမှာ အသွားအပြန် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတဲ့အပြင် ကား ၄ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့သည့် ပေပါမိုင်း။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #ရိက္ခာပို့ #PDF #မိုင်းဆွဲ #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10