စစ်ကောင်စီရဲ့စစ်ရေးအရ အသုံးပြုနေရတဲ့ တံတားကို မိုင်းခွဲ

စစ်ကောင်စီရဲ့စစ်ရေးအရ အသုံးပြုနေရတဲ့ တံတားကို မိုင်းခွဲ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းအရှေ့ဘက် သရက်ကုန်းကျေးရွာအနီးရှိ စစ်ကောင်စီစစ်ရေးအရ အသုံးပြုနေတဲ့တံတားကို မိုင်းခွဲခဲ့တယ်လို့် ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။

ဇူလိုင်လ ၁၀ ရက် မနက် ၄ နာရီခန့်မှာ ခမရ ၄၃၉ ရဲ့ စစ်ရေးအရ အဓိကအသုံးပြုနေတဲ့  သရက်ကုန်းတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

"စကစ တပ်က ဘုရားလဟာရွာမှာ အထိုင်ချပြီး တံတားနားမှာ ပြည်သူတွေကို စစ်ဆေးတာ၊ ပြီးတော့ သူတို့ တပ်စခန်းတွေအတွက် စစ်လက်နက် ရိက္ခာသယ်တာတွေလုပ်လို့ သူတို့အသုံးပြုနေတဲ့ တံတားကို မိုင်းခွဲခဲ့တာလို့" ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဘုရားလဟာရွာမှ  အရှေ့ဖက်ကျေးရွာတွေကို ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမလက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်တာ၊ ခရီးသွားပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်တာ၊ ငွေညှစ်တာ၊  မိန်းကလေးတွေကို မဖွယ်မရာလုပ်တာ၊ ခရီးသွားမိန်းကလေးတွေဆီက ဖုန်းနံပါတ်တောင်းပြီး ဖုန်းခေါ် ပြီး မဖွယ်မရာပြောတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

မိုင်းခွဲဖျက်စီးခံရလို့ အရှည် ၃၀ ပေ၊ အကျယ် ၁၆ ပေရှိ ကွန်ကရစ်တံတားမှာ ခါးလည်ကနေ ပြိုကျပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်တွေသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

ယခု သရက်ကုန်းတံတားကိုတော့  ဖြူးမြို့နယ် ပကဖ GoldenBrothers ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့တာပါ။

ဖြူးမြို့နယ်ထဲမှာတော့ စစ်ကောင်စီစစ်ရေးအရ အသုံးပြုနေတဲ့ တံတားကို မိုင်းထောင်ဖောက်ခွဲတာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူး #ကညွှတ်ကွင်း #လမ်းတံတား #ပကဖ #မိုင်းခွဲ #စစ်ကောင်စီ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10