သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနောက်မြောက်ဘက်ရှိ စစ်ကောင်စီရဲ့ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းကို ဇူလိုင် ၂၆ ရက်နေ့လယ် ၁၂ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အဆောက်အဦးတချို့ ပျက်စီးမှုရှိခဲ့ တယ်လို့ Phoenix Sagaing ဆီက သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၂၀ ခန့်ရှိ အဲ့ဒီတပ်ရင်းကို Fix Wing Drone ၄ စီးသုံးပြုပြီး နာရီဝက်ကြာ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
"စကစတွေ သေဆုံးမှုမရှိခဲ့ပေမယ့် ဒဏ်ရာရတဲ့သူတွေရှိခဲ့တယ်။ အရေအတွက်အတိကျမသိရဘူး။ အဆောက် အဦးတခုကတော့ လုံးဝပျက်စီးခဲ့တယ်"လို့ PHOENIX SAGAING အဖွဲ့တာဝန်ခံ ကိုဒီလှိုင်းက ပြောပါတယ်။
တိုက်ခိုက်နေချိန်အတွင်း တင့်ကားတပ်ရင်းထဲမှ စစ်ကောင်စီတပ်သားတွေက ဒရုန်းတွေကို ပစ်ခတ်ခဲ့ သလို PDF တွေရှိနိုင်မယ်ထင်တဲ့ နေရာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Phoenix - Sagaing၊ Young Wolf (LPDF) ၊Unicorn Guerrilla Force ၊Royal Falcon Guerrilla Force ၊ကြောင်လက်သည်း (ဝက်လက်)နဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့မေလ ၁၅ ရက်ကလည်း အဆိုပါတပ်ဖွဲ့ ၅ ဖွဲ့အပါဝင် နယ်မြေခံ တော်လှန်ရေးအင်အားစုတွေက အဲဒီ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကိုပဲ ဒရုန်းတွေနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - အမှတ် ၆၀၀၅ တင့်ကားတပ်ရင်း။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #တင့်ကားတပ်ရင်း #စစ်ကောင်စီ #တိုက်ခိုက်ခံရ #ပျက်စီး
Share Share Share