သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်(လယ်ဒို)ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၉ ဆီကို စစ်ကောင်စီရဲ့ ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၄ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU က ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်း တိုက်ခိုက်ရေးရောက်ရှိနေတဲ့ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးအခြေစိုက် စကခ ၂၀ လက်အောက် ခမရ ၅၈၄ တပ်ရင်းမှ ဒုတပ်ကြပ် ညီညီလွင်၊ တပ်သားမြင့်ဝင်း၊ တပ်သားမျိုးမင်းသက် နဲ့ တပ်သား စောအေးဖရေ တို့ဟာ ဖေဖော်ဝါရီ ၄ ရက်မှာ ဘက်ပြောင်းခိုလှုံလာကြတာပါ။
သူတို့နဲ့အတူ MA-4 တွဲပစ်လောင်ချာ ၁ လက်၊ MA-1 ၂ လက်၊ ကျည် ၇၅ တောင့်နဲ့ ကျည်ဘောက် ၃ ဘောက်ပါဝင်လာတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အထက်ပါဘက်ပြောင်းခိုလှုံလာသူ ၄ ဦးကို ကျောက်ကြီးမြို့ (လယ်ဒို) တာဝန်ရှိသူတွေနဲ့ တပ်ရင်း ၉ တာဝန်ရှိသူတွေကပူးပေါင်းပြီး ၁ ဦးကို ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ထားတယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် အဓမ္မစစ်မှုထမ်း ခိုင်းခံခဲ့ရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ခလရ ၂၈၈ မှ စစ်ကောင်စီတပ်သား ၂ ဦးဟာ MA 1 ၁ လက်၊ MA 3 ၁ လက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၉ ဆီကို ဘက်ပြောင်းခိုလှုံလာခဲ့ပါသေးတယ်။
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #ဘက်ပြောင်းခိုလှုံ #စစ်ကောင်စီတပ်ဖွဲ့ဝင်
Share Share Share