စစ်ကောင်စီရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

စစ်ကောင်စီရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ်က စစ်ကောင်စီရဲ့ စက်လှေဆိပ် စစ်ဆေးရေးဂိတ်ကို နတ်တလင်း PDF က အလစ်ဝင်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MRF Nattalin အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ရက် ဒီနေ့မနက် အစောပိုင်း ၁နာရီကျော်လောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်ဝင်တိုက်ခဲ့လို့ ၂ဦးပွဲချင်းပြီးသေဆုံးကာ ၅ဦးထက်မနည်း နောက်ဆက်တွဲသေဆုံးခဲ့တာဖြစ်တယ်လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

" စစချင်းမှာ ရှေ့ထွက်လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်တိုက်တာ၊ ၂ကောင်အရင်သေတယ်၊ ပြီးတော့ ၁၅ မိနစ်လောက် တိုက်ပွဲထပ်ပစ်ပြီးပြီးတော့ ၅ဦးကျော်လောက် သေတယ် အတည်ပြုနိုင်တာကတော့ ၇ဦးပါ" လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ တောင်ညိုဆည် စက်လှေ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ MRF Nattalin ရဲ့ " ဂဠုန်ဆရာစံ" စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

" အဓိက အဲ့အဖွဲ့ထဲမှာ လမ်းပြရွာသားပါတယ်လို့ ကြားတယ်၊ ပြည်သူတွေကို ပြောချင်တာက စစ်ကောင်စီနဲ့ ဝေးဝေးနေပါလို့ ပြောချင်ပါတယ်" လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း စစ်ကောင်စီက တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့ နတ်တလင်းမြို့နယ်က ကျေးရွာပြည်သူတွေကို လာစည်းရုံးတာတွေရှိသလို ပျူစောထီးသင်တန်းတွေလည်း ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10