စစ်ကောင်စီရဲ့ ရေယာဥ် ၂ စီးကို KLG PDF က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

စစ်ကောင်စီရဲ့ ရေယာဥ် ၂ စီးကို KLG PDF က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အပိုင် ချင်းတွင်းမြစ်ကမ်းတနေရာမှာ ကမ်းကပ်ထားတဲ့ စစ်ကောင်စီရဲ့ ရေယာဥ် ၂ စီးကို နိုဝင်ဘာ ၆ ရက်ည ၁၁ နာရီမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ - KLG PDF ဆီက သိရပါတယ်။ 

အဆိုပါကမ်းစပ်တလျောက် စစ်ကောင်စီရေယာဥ် ၇ စီး ရပ်ထားတဲ့အနက် ၂ စီးဟာ ကျန် ၅ စီး နဲ့ မီတာ ၃၀၀ အကွာမှာ ကမ်းကပ်ထားချိန် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။  

အဲ့ဒီရေယာဥ်တွေပေါ်မှာ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅ ဦးလောက်ရှိနေပြီး နှစ်ဖက်ပစ်ခတ်မှုလည်းဖြစ်ခဲ့ကာ ကာကွယ်ရေးရဲဘော်တွေ ရေယာဥ်ပေါ်ကိုအရောက်မှာတော့ စစ်သားတွေကို မတွေ့ရတော့ဘူးလို့ ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီးတပ်မဟာ KLGPDF) မှ ပြန်ကြားရေးတာဝန်ခံ AT က ပြောပါတယ်။

"ဒီ ၂ စီးက ထောက်ပို့သဘောလိုက်လာတာ။ အဲ့ ၂ စီးကကောင်တွေနဲ့ အပြန်အလှန်ပစ် တိုက်ပွဲ ၁ နာရီကြာဖြစ်ပြီးမှ သိမ်းနိုင်ခဲ့တာ။ သင်္ဘောပေါ်မှာ ရိက္ခာ၊ လက်နက်မတွေ့ရဘူး။ အလောင်းတွေကို လည်း မတွေ့ခဲ့ရဘူး"လို့ ပြန်ကြားရေးတာဝန်ခံ AT က ပြောပါတယ်။

အဲ့ဒီနောက် ကာကွယ်ရေးတပ်တွေက အဆိုပါရေယာဥ် ၂ စီးရဲ့ ဝမ်းဗိုက်ကိုဖောက်ထားခဲ့ပြီး ဂတ်စ်အိုးတွေကိုလည်း ဖြုတ်ကာ ရေမြုပ်ထားခဲ့ပြီး ပြန်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီရေယာဥ် ၇ စီးဟာ ဟုမ္မလင်းကနေ ကနီမြို့နယ်ထဲကို နိုဝင်ဘာ ၄ ရက်မှာ ရောက်ရှိ ကမ်းကပ်လာခဲ့တာဖြစ်ပြီး သင်္ဘောတွေပေါ်မှာတော့ စားနပ်ရိက္ခာ၊ လက်နက်တွေနဲ့ စစ်သားအင်အား ၂၀၀ လောက်ပါရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၄ ရက်ကစတင်ကာ ၅ ရက်အထိ အဲ့ဒီရေယာဥ်တွေကို နေ့ရော၊ညပါ မီတာ ၂၀၀ အကွာကနေ စနိုက်ပါ ၅ လက်နဲ့ သင်္ဘောပေါ်ကနေ ကုန်းပေါ်ကိုတက်လာတဲ့ စစ်သား ၂၀ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက် ၆ ရက်ညမှာ ၂ စီးကို စီးနင်းဖျက်ဆီးနိုင်ခဲ့တာလို့ ကို AT က ပြောပါတယ်။ 

ဒီစစ်ဆင်ရေးကို  ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (KLG PDF)နဲ့ ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ဒေသခံပကဖတွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ - ကာကွယ်ရေးတပ်များ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီရေယာဥ်တစီး။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #စစ်ကောင်စီရေယာဥ် #တိုက်ခိုက်ဖျက်ဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10