သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်က အထက်တန်းကျောင်း(ခွဲ)ကို ယနေ့ ဇွန်လ ၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒဿ Monywa PDF အဖွဲ့က သေနတ်ပစ်ဖောက်ပြီး သတိပေးခဲ့ပါတယ်။
စစ်ကောင်စီ ရဲနဲ့စစ်သားတွေ လုံခြုံရေးယူပြီးဖွင့်လှစ်နေလို့ ကျောင်းကို ဆက်မဖွင့်ဖို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့က သေနတ် ၈ ချက်ဖောက်ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
"ကျနော်တို့ ကျောင်းတွေ မဖွင့်ဖို့ နဂိုကတည်းက သတိပေးထားတယ်။ အဓိက ကျောင်းကြီးတွေလည်း သတိပေးထားတာရှိတယ်။ မုံရွာမြို့ပေါ်မှာရှိတဲ့ မိဘတွေကိုလည်း ကျောင်းတွေ မအပ်ဖို့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒီလိုသတိပေးထားတဲ့ကြားက ပထမရက်က ကျောင်းပြန်ဖွင့်လို့ အသံမိုင်း ၃ လုံးခွဲပြီး သတိပေးခဲ့တယ်။" လို့ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ဗိုလ်ဒဿက ပြောပါတယ်။
ဆက်လက်ပြီး "ဒီနေ့ နန္ဒဝန်ကျောင်းမှာ ရဲ**နဲ့စစ်**တွေ လုံခြုံရေးပေးပြီး ကျောင်းဖွင့်နေတယ်လို့ကြားတဲ့အချိန်မှာ ကျောင်းဝိုင်းပတ်ပတ်လည်ကနေ သေနတ် ၈ ချက်ဖောက်ပြီး သတိပေးခဲ့တယ်" လို့ ဆိုပါတယ်။
ဒီလို ပစ်ခတ်သတိပေးတာမှာ ထိခိုက်တာတွေ မရှိဘူးလို့ ဆိုပါတယ်။ အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်က စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကျောင်းတွေမဖွင့်ဖို့ စစ်ကောင်စီ ညွှန်ကြားချက်တွေကို မလိုက်နာဖို့ သတိပေးတဲ့ အနေနဲ့ သေနတ်ဖောက်ခဲ့တာလို့ ပြောပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ #စစ်ကောင်စီ #စာသင်ကျောင်း #သေနတ်ပစ်ဖောက်သတိပေး #PDF
Share Share Share