စစ်ကောင်စီရဲ့ အင်ပင်ဂိတ် ဒရုန်းနဲ့ဗုံးချခံရလို့ ၄ ဦးဒဏ်ရာရဟုဆို

စစ်ကောင်စီရဲ့ အင်ပင်ဂိတ် ဒရုန်းနဲ့ဗုံးချခံရလို့ ၄ ဦးဒဏ်ရာရဟုဆို

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အနီး ပခုက္ကူ - မြိုင်သွားလမ်းဘေးရှိ အင်အား ၃၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီအင်ပင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးချခံရတဲ့အတွက် ၄ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက်မနက် ၈ နာရီခန့်မှာ လျှပ်စစ်မီးပျက်နေချိန် စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံးချခဲ့တယ်လို့ Earthquake People's Defence Force တာဝန်ရှိသူက ပြောပါတယ်။


"ဒီကောင်တွေ တပ်စွဲထားတဲ့နေရာမှာက ဂျန်ပါတွေထောင်ထားတော့ မီးပျက်ချိန်ကို သွားချတာ။ ဗုံးတွေကတော့ သူတို့ဂိတ်အရှေ့နားဝန်းကျင်တွေကို ကျရောက် ပေါက်ကွဲတာတွေရှိခဲ့တယ်။ ဒီတပတ်ထဲမှာကို ၃ ကြိမ်လောက်ရှိပြီ သွားပစ်တာ။ ရှေ့ခေါက်တွေကတော့ ထိခိုက်တာမသိရဘူး။ ခုတခေါက်တော့ ဒရုန်းဗုံး ကျပေါက်တာတောင် ပြန်ပစ်တာမျိုးတွေ မရှိခဲ့ဘူး။ မူးနေလို့ဘဲ ပြန်မပစ်တာလား တော့ မသိရဘူး" လို့ ပြောပါတယ်။

ဗုံးကျပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့် ဒဏ်ရာရသွားပြီး ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဘက်က လူနာတင်ယာဥ်နဲ့ ဆေးရုံခေါ်သွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူတွေရဲ့ အခြေအနေကိုတော့ မြေလတ်အသံသတင်းဌာန က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဗုံးချခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတင်းကြပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းကလည်း အင်ပင်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အာပီဂျီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10