စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သဲကော၊ တံခွန်တိုင်၊ နတ်သံကွင်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသေဆုံးသွားတယ်လို့ ဒီဇင်ဘာ ၃၁ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကနေ ၃၁ ရက်အတွင်း သဲကော၊ တံခွန်တိုင်၊ နတ်သံကွင်းမြို့တွေကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာအပါအဝင် ရဟတ်ယာဥ်တွေသုံးပြီး ဗုံးအလုံး ၆၀ နီးပါးကြဲချခဲ့ပြီး စက်သေနတ်နဲ့ အကြိမ်ရေ  ၂၀ နီးပါးပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

" ဒီရက်ပိုင်းမှာ စကစဘက်က လေကြောင်းကို တော်တော်သုံးပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ အများကြီး လုပ်သွားတယ်။ ဒေသခံတွေက လေယာဥ်ဗုံးဒဏ်ကို တော်တော်ခံရတယ်" လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာ သဲကောကျေးရွာဘက်ကို လေယာဥ်ကနေ ဗုံး ၂၇ လုံးကြဲချပြီး စက်သေနတ်နဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်သွားရာ ဒေသခံထိခိုက်သေဆုံးစာရင်းကို ကောက်ယူနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်မှာတော့ နတ်သံကွင်းမြို့၊ သဲကောနဲ့တံခွန်တိုင်ရွာတွေကို လေယာဥ်နဲ့ ဗုံး ၇ လုံးကြဲချပြီး စက်သေနတ်နဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ တံခွန်တိုင်ကျေးရွာနေ ဒေါ်ဘဲဥမ ၃၀ နှစ်မှာ သေဆုံးပြီး မိသားစုဝင်တွေဖြစ်တဲ့ ဦးဇော်မင်း ၅၄ နှစ်၊ မပြည်စုံပွင့် ၇ နှစ်၊ မမိဟန်နီ ၄ နှစ်၊ မဖူးဖူး ၁ နှစ်တို့လည်း ဒဏ်ရာရသွား ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်မှာ နတ်သံကွင်းမြို့နဲ့ သဲကောရွာဘက်ကို လေယာဥ်နဲ့ ဗုံး ၂၇ လုံးကြဲချခဲ့ရာ စိန်ပန်းဘုန်းကြီးကျောင်းနဲ့ ဓါတ်ဆီဆိုင်တဆိုင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေကြောင့် ဒေသခံနေအိမ်တွေပျက်စီး၊ လူထိခိုက် ဒဏ်ရာရ သေဆုံးမှုဟာ မြေပြင်မှာ ပိုမိုများနိုင်ပြီး လုံခြုံရေးအခြေအနေအခက်ခဲကြောင့် စာရင်းအတိအကျ ကောက်ယူဖို့ခက်ခဲနေတယ်လို့ ဆိုပါတယိ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က ၂၈ ရက်အတွင်းမှာလည်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးမြို့နယ် အစပ်တွေမှာ ရှိတဲ့  သဲကော၊ လက်ပံကုန်း၊ ကျောင်းစိုးရွာတွေကို စစ်တပ်က လေကြောင်းပစ်ခတ်မှု၊  လက်နက်ကြီးတွေနဲ့ ပစ်လို့ သံဃာ ၁ ပါးအပါအဝင် ၇ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ကျောက်ကြီး #သဲကော#နတ်သံကွင်းမြို့ #လေကြောင်း #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10