စစ်ကောင်စီ ဝင်ငွေဖြတ်တောက်ဖို့ ပဲခူးရိုးမပေါ်ကို ကုန်တင်ယာ​ဉ်တက်ရောက်ခွင့် PDF ပိတ်ပင်

စစ်ကောင်စီ ဝင်ငွေဖြတ်တောက်ဖို့ ပဲခူးရိုးမပေါ်ကို ကုန်တင်ယာ​ဉ်တက်ရောက်ခွင့် PDF ပိတ်ပင်

ပဲခူတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မြို့နယ် ၃ ခုဖြစ်တဲ့ လက်ပံတန်း၊ မင်းလှနဲ့ အုတ်ဖိုမြို့နယ်တွေအတွင်းမှာ ပဲခူးရိုးမပေါ်  ကုန်တင်ယာဉ်တက်ရောက်ခွင့်ကို ဩဂုတ် ၆ ရက်ကစလို့ ပိတ်ပင်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က  ဩဂုတ် ၆ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးတဲ့ တရားမဝင်သစ်ခိုးထုတ်မှုတွေကို တားဆီးဖြတ်တောက်ရန်သာဖြစ်ပြီး၊ ပဲခူးရိုးမကို အမှီပြုကာ သာမန်လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူ‌တွေကို မထိခိုက်စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

"အဓိကက ဆိုင်ကယ်နဲ့ အိမ်စီးကားကလွဲရင် ၆ ဘီး၊ ၁၂ဘီးအကုန်ပါတယ်။ ဒီကုန်ကားတွေ  မီးသွေး၊ သစ်မှောင်ခိုကားတွေပေါ့။ ဒီနယ်ရဲ့ စကစ ဝင်ငွေလမ်းကြောင်းက ဒါတွေကအဓိကဖြစ်နေတာ" လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မင်းလှနဲ့ အုတ်ဖိုမြို့နယ်တွေက စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ သစ်တောဌာနတွေကို သစ်မှောင်ခိုသမားတွေက လစဉ် ကျပ်သိန်း ၁၀၀၀ ခန့် ဆက်ကြေးပေးဆောင်နေရပြီး အဲ့ဒီ စစ်ကောင်စီတရားမဝင် ဝင်ငွေတွေကို ဖြတ်တောက်နိုင်ရေး အခုလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။

ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ လိုအပ်တဲ့အရေးယူမှု‌တွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမှာဖြစ်လို့ ထုတ်ပြန်ချက်‌တွေကို လိုက်နာပေးကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားများနဲ့ မော်တော်ယာဥ်တွေအနီး သွားလာနေထိုင်ခြင်းတွေမလုပ်ဖို့  သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ ကအသိပေးထားပါတယ်။

ဇူလိုင် ၂၀ ရက်ကလည်း  မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ် စိန်ကန့်လန့် - မြို့ချောင်းလမ်း ခါချဥ်တောင်မှာ PDF သတင်းတွေကိုစုံစမ်းပြီး စစ်ကောင်စီကို ပြန်လည်သတင်းပေးနေတဲ့ မီးသွေးတင်ကားကို မီးရှို့ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ - ဇူလိုင် ၂၀ ရက် မင်းလှမြို့နယ်၊ ရိုးမဖြတ်လမ််းပေါ်တွင် PDF က ရှင်းလင်းမီးရှို့ခဲ့သည့် မီးသွေးတင် ၆ ဘီးယာဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#ပဲခူး #အနောက်ခြမ်း #ပဲခူးရိုးမ #သစ်မှောင်ခို #PDF #ကုန်တင်ယာ​​ဉ် #တက်ရောက်ခွင့် #ပိတ်ပင် #သတင်း #ကြေညာချက် #ထုတ်ပြန် #တပ်ရင်း၃၈၀၂

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10