သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့က တိုင်းဒေသကြီး ဗဟိုမဏ္ဍပ် လုံခြုံရေး ရဲဂိတ်ကို ပဲခူးခရိုင် PDF က ဒီနေ့ ညနေ ၆နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့ တပင်ရွှေထီးလမ်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး ဗဟိုမဏ္ဍပ်ဟာ စစ်ကောင်စီကခန့်ထားတဲ့ ဝန်ကြီးချုပ်က ဖွင့်ပွဲလုပ်ခဲ့တဲ့ မဏ္ဍပ်ဖြစ်ပါတယ်။
" သူပြောနေတယ့်အချိန်တော့မဟုတ်ဘူးဗျ၊ ဝန်ကြီးချုပ်ရှိမရှိတော့မပြောတတ်တော့ဘူးဗျ။ ဗဟိုမဏ္ဍပ်ကအစိုးရရုံးနဲ့ထွေအုပ်ရုံးရှေ့မှာပါ၊ " လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။
လက်ပစ်ဗုံး တလုံးပဲ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ အတည်မပြုနိုင်သေးသလို ရဲဘော်တွေလည်း လုံခြုံတဲ့နေရာရောက်ပြီလို့ ပြောပါတယ်။
" အဲ့ဒီနေရာတွေကအာဏာသိမ်းပြီးထဲကကန့်သတ်နေရာတွေ။ တိုင်းအစိုးရရုံး၊ ဥပဒေရုံး၊ တိုင်းထွေအုပ်ရုံး အဲ့တာပတ်လည်မှာဗျ၊ သင်္ကြန်မဏ္ဍာပ်ကလဲ အရင်လုပ်နေကြနေရာမဟုတ်ပဲ အစိုးရရုံးနဲ့ ထွေအုပ်ရုံးဆေးရုံပတ်လည်လမ်းအပိတ်မှာလုပ်တာ" လို့ ပြောပါတယ်။
NUG အစိုးရ တောင်ပိုင်းတိုင်းစစ်ဌာန လက်အောက်မှာရှိတဲ့ ပဲခူးတိုင်း စစ်ဒေသခွဲ ပဲခူးခရိုင် PDF အနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာခဲ့ပြီး နောက်ထပ်လည်း အရှိန်အဟုန်မြင့်လုပ်ဆောင် သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
မြေလတ်အသံ
Share Share Share