စစ်ကောင်စီသတင်းပေးဆိုသူ ကြံခိုင်ရေးပါတီဝင် အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

စစ်ကောင်စီသတင်းပေးဆိုသူ ကြံခိုင်ရေးပါတီဝင် အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ စိုင်သေကွင်းကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ​ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရပြီး နေအိမ်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၇ ရက် မနေ့ နေ့လယ် ၂ နာရီခန့်မှာ စိုင်သေကွင်းရွာနေ  ဦးမြဝင်း အသက် ၅၀ နှစ်ကျော်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်သတ်ခဲ့ပြီးတဲ့နောက် ဦးမြဝင်းခေါင်းကို ဖြတ်ပြီး ကျေးရွာထဲကို လှည့်လည်ပြသခဲ့သလို ဦးမြဝင်းနေအိမ်ကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"လုပ်တဲ့အဖွဲ့က ရွာသားတွေကို ဦးမြဝင်းခေါင်းကိုပြပြီး အာချောင်ရင် ခုလိုဖြစ်မယ်ဆိုပြီး ပြောဆိုခဲ့တယ်။ သူက တောလည်ထွက်ပြီး PDF စခန်းတွေစုံစမ်း စကစ သတင်းပေးလုပ်တယ်။ PDF ပစ္စည်းတွေ တွေ့ရင်လည်း စကစထံအပ်တာမျိုး လုပ်လေ့ရှိတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်သမားတွေဟာ ဦးမြဝင်းကို ရှင်းလင်းပြီး နေအိမ်ကိုလည်း မီးရှို့သွားတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးကြကာ အိမ်ခြေ ၆၀ ခန့်ရှိတဲ့ အဲ့ဒီရွာကနေ အိမ်ထောင်စု ၅၀ ကျော်က မိသားစုတွေဟာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက်ကလည်း အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ အင်းလည်ကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အင်းလယ်ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #အောင်လံ #တပ်သတင်းပေး #ကြံ့ခိုင်ရေးပါတီဝင် #အသတ်ခံရ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10