စစ်ကောင်စီသတင်းပေး ပျူစောထီး ၁ ဦး နေအိမ်မှာအသတ်ခံရ

စစ်ကောင်စီသတင်းပေး ပျူစောထီး ၁ ဦး နေအိမ်မှာအသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီး ၁ ဦးကို နေအိမ်မှာရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူကဟာ အသက် ၅၀ ကျော်အရွယ် ဦးဌေးဝင်းဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် ည ၈ နာရီကျော်မှာ နေအိမ်ခြံဝန်းအတွင်းမှာ ဓားနဲ့ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူအိမ်ဝိုင်းထဲမှာပဲ ရှင်းခဲ့တာ။ သူအိမ်နဲ့ စကစဂိတ်ကလည်း မီတာ ၅၀၀ လောက်ပဲကွာတော့ ဓားနဲ့ရှင်းခဲ့ရတာ။"လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

ဦးဌေးဝင်းက မြင်းတဲကြီးကျေးရွာ ပျူစောထီးအဖွဲ့ဝင်ဖြစ်သလို စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာအနားလာချိန်တိုင်း စစ်ကောင်စီအဖွဲ့တာဝန်ခံတွေနဲ့ တွေ့ဆုံသတင်းပို့တာ၊ မြင်းတဲကြီးကျေးရွာအနီးရှိ စစ်တပ်ဂိတ်ကိုအမြဲတမ်းဝင်ထွက်သွားလာ သတင်းပေးနေလို့ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူက ပျူစောထီးအဖွဲ့ဝင်။ သူတို့ရွာနားက မင်းကုန်းရွာမှာဆို စစ်ကြောင်းကခဏခဏလာ အထိုင်ချဂိတ်ထိုးတယ်။ သူကနေပြီး သတင်းပေးတာ၊ အဲ့ဒီက စစ်ဗိုလ်တွေနဲ့သွားတွေ့တာရှိတယ်။ အောက်စခန်း (ဂွေးကုန်းရွာနဲ့ မြင်းတဲကြီးရွာကြားရှိ စစ်တပ်စခန်း)က ဗိုလ်လေးဆိုသူတွေနဲ့ သွားတွေ့တာ။  အဲ့လိုမျိုး။ လမ်းတွေဘာတွေ ထောက်လှမ်းပေးပြီး သတင်းပေးတာတွေ လုပ်တယ်။"လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

ရှင်းလင်းချိန် ကိုဌေးဝင်းရဲ့နေအိမ်မှာ သူအမျိုးသမီးနဲ့သမီးနှစ်ဦးရှိနေပေမယ့် နေအိမ်ပေါ်မှာသာ ထိုင်ခိုင်းထားပြီး ဘာမှမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာတော့ နတ်မောက်ရဲစခန်းက စခန်းမှူးကိုယ်တိုင် မြင်းတဲကြီးကျေးရွာထဲ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ပြီး ပြန်သွားတယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၅ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းဇနီး စစ်ကောင်စီသတင်းပေးအမျိုးသမီးတဦး နေအိမ်ရှေ့မှာပဲ အသတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ပျူစောထီး #ရှင်းလင်းခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10