စစ်ကောင်စီအတွက် တပ်သားသစ် ၅၀ ရှာပေးမယ်ပြောတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

စစ်ကောင်စီအတွက် တပ်သားသစ် ၅၀ ရှာပေးမယ်ပြောတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာတောရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ အသက် ၄၀ အရွယ် ဦးတင်ငွေကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။ 

ပျူစောထီးခေါင်းဆောင် ဦးတင်ငွေကို ဇူလိုင် ၄ ရက် ည ၇ နာရီ ၃၅ မိနစ်ဝန်းကျင်က သူ့နေအိမ်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဦးတင်ငွေဟာ ကျေးရွာမှာ ပျူစောထီးအဖွဲ့ထူထောင်ဖို့ကြိုးစားနေသူတဦးဖြစ်ကာ စစ်တပ်နဲ့ပေါင်းပြီး လူငယ် တွေကို ဖမ်းဆီးတာ၊ ချုပ်ခြယ်တာမျိုးတွေ လုပ်နေသူတဦးလည်းဖြစ်ပါတယ်လို့ သိရပါတယ်။

“စစ်တပ်က သူ့ဆီကို စစ်သင်တန်းပေးဖို့  ၂ ယောက်နှုန်းတောင်းတာ။ သူကနေ အာမခံပြီး အယောက် ၅၀ ရှာပေးမယ်ပြောတာ။ ရန်သူ့ဘက်က လက်မဦးခင် ကျနော်တို့ဘက်က လက်ဦးမှုယူလိုက်တာပါ။ သူရဲ့နေအိမ်မှာပဲ ‌ရှင်းလင်းခဲ့တာ။” လို့ Chauk Guerrilla Force(C.G.F) ရဲဘော်တဦးက ပြောပါတယ်။ 

ဦးတင်ငွေကို နေအိမ်မှာ သွားရောက်ရှင်းလင်းစဉ် ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ ၂၅ ချက်လောက် ပစ်ခတ် လိုက်ရတယ်လို့ သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း ညောင်ဦးခရိုင် တောင်ဇင်းတိုက်နယ် ချောင်းရှည်ကျေးရွာမှာ စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် အောင်ဆန်းဦးအပါအဝင် သားနဲ့သမီးတို့ကို Chauk Guerrilla Force(C.G.F) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက်မြို့နယ် #ဩဇာတောရွာ #အုပ်ချုပ်ရေးမှူး #ပျူစောထီးခေါင်းဆောင် #ChaukGuerrilla Force

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10