စစ်ကောင်စီ ​​​ခြေလျင်စစ်​ကြောင်း မိုင်းထိလို့ ၂ ဦးသေ

စစ်ကောင်စီ ​​​ခြေလျင်စစ်​ကြောင်း မိုင်းထိလို့ ၂ ဦးသေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ စစ်ကောင်စီ​​​ခြေလျင်စစ်​ကြောင်း မိုင်းထိလို့ ၂ ဦးသေတယ်လို CHU PDF အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာ ချောင်းဦးမြို့ဘက်ကနေ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်း ချောင်းဦး-ငါးယှန်လမ်းအတိုင်း စစ်ကြောင်းထိုးလာချိန် နံနက် ၉ နာရီခန့်မှာ မိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" သူတို့က ကားလမ်းပေါ်က မလာရဲဘဲ လမ်းဘေးက လယ်ကွင်းတွေ ချုံတွေတိုးပြီးလာတာ။ မိုင်းက ၃ လုံး ၂ ပွိုင့်ဆွဲလိုက်တာ။ ၂ ယောက်က ပုံကျသွားတယ်။" CHU PDF တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးနေရာမှာ သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ ချောင်းဦးမြို့ထဲက သံပြားကာ ကား ၁ စီးနဲ့လူနာတင်ယာဥ် ၁ စီးထွက်လာပြီး သေဆုံးထိခိုက်လူနာတွေကို ပြန်သယ်ကာ ချောင်းဦးမြို့ဘ​က်ကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ နတ်ရေကန်ကျေးရွာဘက်ကို ဆက်ထွက်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရမှုဖြစ်စဉ် မတိုင်မီ အဲ့ဒီနေ့ မနက် ၇ နာရီခန့်က ငါးယှန်ကျေးရွာနဲ့ ၂ မိုင်ကျော်ခန့်ဝေးတဲ့ နတ်ရေကန်ကျေးရွာလမ်းပေါ် မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်း ၈ လုံးကို နတ်ရေကန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့က တွေ့ရှိသိမ်းဆည်သွားတယ်လို့ သိရပါတယ်။

မေလ ၁၁ ရက် ည ၆ နာရီခန့်ကလည်း ငါးယှန်ရွာအနီး မုံရွာ-မန္တလေး လမ်းဘေးမှာ အင်အား ၂၀ ကျော်နဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှ စစ်ကောင်စီတပ်ဘက်က ကျေးရွာထဲထိ လိုက်ပစ်ပြီးနောက် ရွာကိုမီးရှို့လို့ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလ​တ်အသံ

#သတင်း #မိုင်းဆွဲတိုက်ခံခံရ #စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #ငါးယှန်ကျေးရွာ #CHUPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10